Unicode
ဧကမြိုင်စံအိမ်၏ ထမင်းစားခန်းအတွင်း၌ ဇွန်း၊ခက်ရင်းချင်းထိသံမှလွဲ၍ မည်သည့်အသံမျှထွက်ပေါ်လာခြင်းအလျဉ်းမရှိ။တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ထိုအခြင်းအရာကိုစတင်ဖြိုခွဲလိုက်သူက ဒေါ်ခင်ခင်ထိပ်ထားဖြစ်၏။
"ယဉ်ယဉ်နဲ့မင်းထင် မင်းတို့နှစ်ယောက်မန္တလေးအကြွေးတောင်းသွားတာလည်း သိပ်ကြာတာပဲနော်"
ထိုစကားကြောင့် မမယဉ်ကအနညး်ငယ်လှုပ်ခတ်သွားပေမယ့် မင်းထင်က တုံဏှိဘာဝေသာနေ၏။စကားနှိုက်နေခြင်းသာဖြစ်ကြောင်းလည်းမင်းထင်သိသည်။
"အဲ့ဒီရွှေဆိုင်ကမိသားစုတွေက မြင်းခြံဖက်ခရီးသွားတာ တစ်ရက်၊နှစ်ရက်နေပြန်ရောက်မယ်ဆိုတာနဲ့ ရန်ကုန်ပြန်မလာတော့ပဲ စောင့်ယူလာခဲ့လိုက်တာ နို့မဟုတ်ရင် လူပင်ပန်းအချိန်ကုန်တာပဲဖြစ်မှာစိုးလို့လေ"
မမယဉ်၏အဖြေကို မမခင်ကသဘောကျနှစ်ခြိုက်ပုံမရပေမယ့် ကျိုးကြောင်းဆီလျော်နေတာမို့ မမခင်ကရွဲ့ကာမဲ့ကာဖြင့်ပြန်လည်ငြိမ်သက်သွားသည်။
"ဟဲ့ အေးမှုံ မေမေကြီးကို မနက်စာပို့ပြီးပြီလား"
"ပို့ပြီးပါပြီ ကြီးကြီးခင်"
"ငါဆိုင်သွားဖို့ ကားအဆင့်သင်ပြင်ထားလို့ ဦးတိုးကိုသွားပြောထား ကြားလား"
"ဟုတ်ကဲ့ပါ ကြီးကြီးခင်"
အေးမှုံကအိမ်မကြီးအပြင်ဖက်သို့ သွက်သွက်ကလေးပြေးထွက်သွားတော့မှ မမခင်က မနက်စာကိုအေးတိအေးစက်မလှုပ်မယှက်စားနေသော ငြိမ်ပြေအေးရှိရာဆီသို့ စိုက်၍ကြည့်သည်။ထို့နောက်အေးသက်သည်ဟုမဆိုသာသော မမာမပျော့လေသံဖြင့်စကားစသည်။
"မင်္ဂလာဆွမ်းကျွေးအတွက် အေးရိပ်သာဆရာတော်ဆီမှာသွားလျှောက်ပြီးပြီလား ငြိမ်ပြေ"
"မလျှောက်ရသေးပါဘူး မေမေ"
ငြိမ်ပြေကအေးသက်စက်လေသံဖြင့် မမခင်ကိုမကြည့်ပါဘဲ ပြန်ဖြေသည်။
"ပြောရင်ပြောတဲ့အတိုင်းချက်ချင်းမလုပ်ဘူး
ဆရာတော်ခရီးထွက်သွားရင်ဘယ့်နှယ့်လုပ်မလဲ မဖြစ်ပါဘူး ဒီကောင်လေးတစ်ယောက်တည်းလုပ်ခိုင်းလို့ကတော့ဘာမှဖြစ်လာမှာမဟုတ်ဘူး ဒီလိုလုပ် မင်းထင်..မင်းလိုက်သွား ဆရာတော့်ကိုရက်အတိအကျသေချာလျှောက်ပြီး ရက်တောင်းခဲ့ ၁၀ပါးပင့်ချင်တယ်လို့လျှောက်ခဲ့"
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...