Unicode
မနက်ကတစ်ဖြိုက်နှစ်ဖြိုက်ရွာထားသော အချိန်အခါမဟုတ်သည့် ဆောင်းတွင်းမိုးကြောင့် ရာသီဥတုက အိုက်စပ်စပ်ကြီးဖြစ်နေလေ၏။ မိုးရွာစဉ်ကကြွေကျထားသော ကကံ့ကော်ရွက်ကြွေတစ်ချို့က ရေမခြောက်သေးသည့် စစ်ကိုင်းလမ်းပေါ်မှာ
ပြန့်ကြဲချင်တိုင်းပြန့်ကြဲနေတော့သည်။မိုးငွေ့ပါသောဆောင်းလေခပ်နုနုသည် တင့်ဆွေနံဘေးက အမျိုးသမီးလေး၏ ဆံမြိတ်စလေးတွေကို ခလုတ်တိုက်ကာ ဖြတ်ပြေးသွားတော့ တင့်ဆွေနှလုံးသားလေးက တသိမ်သိမ့်ခုန်သွားရသေးသည်။မြတ်နိုးခွင့်ရချင်လိုက်တာ နွေ ရယ်။ကိုယ်ဖြင့်ရူးတော့မယ်ထင်ပါရဲ့...။
"ဘာတွေဒီလောက်ပြုံးနေရတာလဲ ကိုတင့်ဆွေ"
"မြတ်နိုးလို့"
"အို....တည့်တိုးကြီး"
"နွေရယ် .... ကိုယ့်မေတ္တာတွေကိုမြန်မြန်လေးလက်ခံပေးပါတော့လားကွယ်"
"နွေနဲ့ကိုတင့်ဆွေတို့သဘောတူပြီးသားပါလေ ဟုတ်ရဲ့မလား "
နွေမော့်စကားကြောင့် ကိုတင့်ဆွေမျက်နှာသည် ခုနကလိုလန်းလန်းဆန်းဆန်းမရှိတော့ပါဘဲ တမုဟုတ်ချင်း မှိုင်းကျသွားလေ၏။
"ဒါတွေအားလုံးက နွေမော့်သူငယ်ချင်းလေးအတွက်ဆိုတာ ကိုတင့်ဆွေသိရဲ့သားနဲ့"
"ဒါတော့ ဒါပေါ့လေ နို့ပေမယ့်"
"နွေမော့်အဖြေကို ကိုတင့်ဆွေသိပြီးသားပဲလေ ဘာတွေများ စိုးရိမ်ပူပင်နေရတာလဲရှင်
ကိုတင့်ဆွေကလူကောင်းတစ်ယောက်ဆိုတာသိပြီးသားပါ အခုလိုမျိုးလုပ်တာကလည်းကြိုးရှည်ရှည်နဲ့လှန်ထားတာလည်းမဟုတ်ရပါဘူး ဒီကိစ္စကိုအတူတူလုပ်ကြရင်း တစ်ယောက်အကြောင်းတစ်ေယာက်ပိုသိသွားရင်ကောင်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ""ကိုယ်နားလည်ပါတယ် နွေရယ်
ကိုယ့်ရဲ့အတ္တကြောင့်နွေ့ကိုနည်းနည်းလေးစိတ်အနှောင့်အယှက်ပေးမိသွားရင်တောင်းပန်ပါတယ်""ရာဇူးထဲမှာ ကိုတင့်ဆွေနဲ့လျှောက်သွားနေတဲ့
နွေမော့်ကိုတစ်ခြားလူတွေကဘယ်လိုပြောကြမယ်ထင်သလဲ"
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...