Unicode
"တောက် ...."
တောက်ခေါက်သံပြင်းပြင်းကြောင့် ချိုဆိမ့်ခွက်ကိုခပ်လေးလေးမွှေနေသော နွေမော့်လက်တို့ရပ်တန့်သွားရသည်။ တော်သေးတာက ဒီနေ့တောင်ငူကန်တင်းကလူအများကြီးရှိမနေ။အတန်းချိန်ဖြစ်နေတာလည်းပါလိမ့်မည်။
"ဘာတွေဖြစ်လာတာလဲ ကိုတင့်ဆွေ နွေမော့်ကိုပြောစရာရှိတယ်ဆို"
"ဒီကောင်သိသိလျက်ကြီးနဲ့လုပ်တာ နွေ
ဟိုကောင့်ခံစားချက်ကိုနည်းနည်းလေးမှကိုမကြည့်တာ""ဘယ်သူလဲ"
"ငြိမ်ပြေအေး..."
"ဪ..."
"ဟ ...နွေ ဘယ်လိုဖြစ်လို့ ဪတစ်လုံးပဲထွက်နိုင်တာလဲ"
"နွေ ရိပ်မိပြီးသားမို့ပေါ့ ကိုတင့်ဆွေရယ်"
"နွေသိနှင့်နေရင် အကို့ကိုဘာလို့မပြောပြရတာလဲ အကိုလုပ်သင့်တာဆက်လုပ်မှာပေါ့"
"ဒါဆို ကိုတင့်ဆွေက ဘာလုပ်မှာလဲ"
"ငြိမ်ပြေအေးကိုတွေ့ပြီး သဘောထားကိုပွင့်ပွင့်လင်းလင်းမေးမယ်"
"ဒါဆိုနွေမော်မေးမယ် ဒီကိစ္စမှာ အဓိကလူတွေကဘယ်သူလဲ ကိုတင့်ဆွေလား သူတို့လား"
တင့်ဆွေတစ်ချက်ငြိမ်ကျသွားရသည်။
ထွက်နေသောဒေါသအဟုန်က မီးကျီခဲကိုရေနှင့်ပက်လိုက်သလိုရှဲခနဲ။"အဓိကဇာတ်ကောင်တွေကတောင် တစ်ယောက်မျက်နှာတစ်ယောက်မဆိုင်ကြတာ
ဇာတ်ပို့ကအရမ်းအရောက်ပို့နေလို့မရဘူး
ဘာလုပ်ရမလဲဆိုတာ ခေါင်းအေးအေးနဲ့သေချာစဉ်းစား သူငယ်ချင်းကိုစိတ်ပူတာလည်းပူတာပေါ့ ဒါပေမယ့်အဲ့ဒီသူငယ်ချင်းကလည်းအလုပ်လုပ်ဦးမှ""ဒါဆိုအကိုက သူ့ကိုတိုက်ရိုက်သွားပြောရမှာလား မင်းရဲ့မတော်လိုက်ရတဲ့လင်က မင်္ဂလာဆောင်တော့မယ် မင်းဘာဆက်လုပ်မှာလဲဆိုပြီးတော့ ဒရာမာတွေခင်းရမှာလား
အဲ့ဒီကောင်ကိုယ်တိုင်ကိုကလည်းမဟုတ်တာပါကွာ မပွင့်မလင်းနဲ့ အခုလိုမစားမသောက်ဘဲအစာငတ်ခံဆန္ဒပြနေတော့ရော ဟိုကသူ့ကိုလာသနားမှာကျနေတာပဲ ဖိတ်စာတောင်အရိုက်မပျက်ဘူး ဟိုခွေးသားက"
![](https://img.wattpad.com/cover/241626639-288-k465673.jpg)
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...