Readersလေးတွေအားလုံး မင်္ဂလာပါခင်ဗျာ
ကျွန်တော်ပါရာပါ စကားမပြောဖြစ်တာလည်းကြာပြီနော် ဒီနေ့ကတော့စာဖတ်သူတွေနဲ့စကားစမြည်လေးပြောချင်လို့ပါ
စကားမပြောခင်မှာ စာဖတ်သူတစ်ယောက်ချင်းစီကို တောင်းပန်ချင်သလို ကျေးဇူးလည်းတင်ချင်တာပါ
တစ်ပိုင်းနဲ့တစ်ပိုင်းအရမ်းကြာနေပေမယ့် အခုချိန်ထိ ငြိမ်ပြေအေးနဲ့ ရင်းမောင်တို့ကိုပစ်မသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်
ပါရာက စာဖတ်သူတစ်ယောက်ပဲရှိနေရင်တောင်ဆက်ရေးသွားမှာမို့ ပါရာ့ ongoingလေးကိုခုချိန်ထိလိုက်ပေးနေလို့အရမ်းလည်းချစ်ရပါတယ်
ပါရာတစ်ခုတောင်းဆိုချင်တာက အခုပါရာတည်ဆောက်လာတဲ့ plotကိုဘယ်လိုမြင်သလဲဆိုတာရယ် characterတွေရဲ့အားပြိုင်မှု အင်အားတွေက စာဖတ်သူတွေရဲ့စိတ်ထဲဘယ်လိုရှိနေလဲဆိုတာရယ် နောက်ပြီး အပိုင်း43ရောက်လာတဲ့ထိ ဒီဝတ္ထုမှာဘာတွေအားနည်းချက်ရှိလဲ အားသာချက်ကဘာရှိသလဲဆိုတာ စိတ်ထဲရှိတိုင်းအတိုင်းဝေဖန်အကြံပြုပေးစေချင်ပါတယ်
ပါရာ့ကိုချစ်ရင် လုံးဝအားမနာပဲ ဝေဖန်အကြံပြုပေးကြပါ
ဒါမှလည်းနောက်အသစ် အသစ်သောဝတ္ထုတွေမှာ လက်ရည်တက်လာပြီး စယဖတ်သူတွေကိုအကောင်းဆုံးဆိုတဲ့အရာတွေပေးနိုင်မှာပါ💓
စာဖတ်သူတစ်ယောင်ချင်းစီတိုင်းကိုလေးစားလျက်ပါ။ချစ်တဲ့ ပါရာ🌻
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...