Ep 17

111 12 5
                                    

Unicode

မန္တလေးဆောင်နှင့် တောင်ငူဆောင်ထောင့်မှာရှိသည့် ငှက်ပျောတောအုပ်အုပ်ဆိုင်းဆိုင်းသည် ကျောင်းသားတော်တော်များများ၏ စတည်းချရာတစ်ခု...။
ထိုဆိတ်ငြိမ်သည့်ငျက်ပျောတောအုပ်ထဲတွင် ကျွတ်ကျွတ်ညံစည်ကားသည့် နိဗ္ဗာန်ဘုံ တစ်နည်းအားဖြင့် ဦးချစ်လက်ဖက်ရည်ဆိုင်သည် လက်မလည်အောင်ရောင်းချနေရလေသည်။
ရာမညဆောင်ရှေ့ကပြည်လမ်းထွက်ပေါက်ကိုကျော်လျှင်
လှည်းတန်းအဝိုင်းကိုဖြတ်ပြီး လှည်းတန်းလမ်းကိုလည်းရောက်နိုင်သေးတာမို့ အတန်းလစ်မည့်သူတော်တော်များများကိုတွေ့နိုင်သည့်နေရာတစ်ခုဆိုလည်းမမှား...။

"ဟေ့ကောင်...ရင်းမောင် ငါဒီမှာ"

‌ထောင့်ကျကျစားပွဲဝိုင်းတစ်ခုမှာ ဆေးပေါ့လိပ်ဖွာပြီး အကြမ်းရေတစ်ခွက်ကိုရှေ့မှာချ ဝတ္ထုတစ်အုပ်ကိုင်လို့ လောကစည်းစိမ်ကျနေသည့် တင့်ဆွေက ဖြတ်ခနဲလှမ်းခေါ်တာမို့ မန္တလေးဆောင်ဖက်ရွေ့မည့်ခြေလှမ်းများက
တုံ့ခနဲဖြစ်သွားရသည်။

"ဒါကဘယ်ကိုလဲ ... မောင်မောင်ဘုရား အဆောင်တော်ကူးမလို့ကြံစည်နေတာလား
ထိုင်ဦး နောက်မှသွား"

"ငြိမ်‌ေပြ အတန်းဆင်းခါနီးပြီကွ"

"ဪ...တကတည်းမှပဲ ပေးသွားမှာပါ
နို့စို့ကလေးလိုပဲ တကျီကျီနဲ့..
မင်းစုံစမ်းခိုင်းထားတဲ့ကိစ္စ ပြောမလို့ကွ"

အဲ့ဒီလိုသိမ်းသွင်းခါမှ ဆိုင်ထဲကိုဝင်ထိုင်ကာ မျက်ခုံးအစုံကိုတွန့်ကွေးလို့ တင့်ဆွေကိုစူးစိုက်ကြည့်သည်။
စပြောတော့ ဆိုသည့် သဘော...
အကြောင်းသိမို့လို့သာ သူစိမ်းသာဆို ဒီနှမပေးရဲ့နှာနုရိုးကိုဖြတ်ရိုက်ပြီးနေပြီ..။

"မင်းကြည်ညိုက မင်းနဲ့ဆို ရွယ်တူလောက်ကျမယ်
စာလည်းတော်သလို တော်တော်စန်းပွင့်တဲ့ဆေးကျောင်းသားလို့ပြောလို့ရတယ်"

"အဲ့ဒီလောက်အမွှန်းတင်မနေပါနဲ့ ဘာလဲ မင်းကအဲ့ကောင်ကိုကြိုက်နေလို့လား"

"ငါ့လခွီးထဲမှပဲ စကားကိုဆုံးအောင်နားထောင်ဦးဟ...
ကျောထောက်နောက်ခံမိသားစုကတော့ မော်လမြိုင်က ပွဲရုံကုန်သည်သူဌေးမျိုး...
အမ်စီ (MC )တင်မဟုတ်ဘူးနော် ရာဇူးထဲက တစ်ချို့မိန်းကလေးတွေကြားမှာတောင်နာမည်ကြီးပဲ
အေး...တစ်ခုထူးဆန်းတာက ဒီလောက်မျက်နှာပန်းပွင့်သလောက် မြာပွေတဲ့ကိစ္စကလုံးဝရှိမနေတာပဲ...
သူ့သူငယ်ချင်းအရင်းတွေပြောပြသလောက် ခုထိကိုရည်းစားသညာမရှိတာတဲ့
‌သူ့ဘေးအိမ်က ကောင်လေးတစ်ယောက်ကိုကလေးဖအေကြီးလိုနောက်ကနေလိုက်ပြီး အရိပ်တကြည့်ကြည့်လုပ်နေတာတော့‌ေတွ့တယ်တဲ့
ငါ့အထင်...အဲ့ဒါ ငြိမ်ပြေအေးကိုပြောတာပဲဖြစ်ရမယ်"

"ငြိမ်"Where stories live. Discover now