Unicode
------------ဂျပ်ဆင်သည် နွေနေ့လည်ခင်း၏ ပြင်းရှသောနေရောင်ကြောင့် အိုမင်းနွမ်းလျစွာလှဲလျောင်းလျက်ရှိသည်။တဒက်ဒက်လည်နေသော ရေပန်းသေးသေးလေးတွေ၏ကျေးဇူးကြောင့် မြက်ခင်းပြင်ကတော့ စိမ်းလဲ့စိုနေလေ၏။
"ဒေါင် ...ဒေါင်"
ဘုရားကျောင်းဆီမှနှစ်ချက်တီးခေါင်းလောင်းသံကြောင့် ခိုငှက်တစ်အုပ်က အလန့်တကြားထပျံကုန်ကြသည်။ဖြူလွလွဂျပ်ဆင်အိုကြီး၏အရိပ်အောက်သို့ရောက်လာသော လူရိပ်သုံးခုကို ဂျပ်ဆင်အိုကြီးကသနားဂရုဏာသက်စွာကြည့်သည်။ဒီအရိပ်အောက်မှာပဲ မေတ္တာတွေဝေခဲ့ကြသူတွေရှိသလို သောကဗျာပါဒတွေပွေခဲ့ကြသူတွေရှိခဲ့တာပဲမဟုတ်လား။
တင့်ဆွေက အသိစိတ်မဲ့ကာ ကြောင်အအဖြစ်နေသောရင်းမောင်လက်ကိုဆွဲကာ ခုံတန်းပေါ်၌ထိုင်စေပြီး ပုခုံးကိုတင်းကျပ်စွာဆုပ်ကိုင်၍လှုပ်ခါလေသည်။
"ဟေ့ကောင် ရင်းမောင် ...ဟေ့ကောင် အသိဝင်စမ်း ငါပြောနေတယ်လို့ ငါ့ကိုကြည့်
ငါ့ကိုကြည့်စမ်း ဧကရင်းမောင်...!!!"ရင်းမောင်က သေသောမျက်လုံး စိမ်းသောအကြည့်ဖြင့် တင့်ဆွေကိုဖြည်းညှင်းစွာကြည့်သည်။ပြီးတော့ မျက်သားတွေနီရဲတက်လာသည်။နှုတ်ခမ်းဖျားတွေတဆတ်ဆတ်တုန်ရီလာသည်။မျက်ခမ်းစပ်မှာ ကျလုကျခင်ဖြစ်နေသော မျက်ရည်စတို့ရှိနေသည်။
"ခွပ်....!!!"
လျှပ်တပြက်ဆန်သော လက်သီးချက်ကြောင့် တင့်ဆွေမြက်ခင်းပြင်ပေါ်သို့ ပုံပျက်ပန်းပျက်ထိုင်လျက်ကျသွားသည်။ကြိုးကိုကျစ်၍ထုံးကာလွယ်ထားသောလွယ်အိတ်ကပုခုံးပေါ်ကလျှောကျသွားပြီး မြက်ခင်းပြင်ပေါ်သို့လွင့်စင်သွားလေ၏။
လဲကျနေသော တင့်ဆွေထံသို့ပြေးဝင်လာမည့်ရင်းမောင်ကို ဝင်ဆွဲတာက နွေမော်။"အကိုရင်းမောင်ရယ်...စိတ်ထိန်းပါဦး
နွေမော်တို့စကားနဲ့ဖြေရှင်းရအောင် မတော်တဆ
လက်လွန်သွားရင် နွေမော်တို့အတွက်ကောင်းတာဘာမှမရှိဘူးလေ ခေါင်းအေးအေးထားကြပါ နွေမော်ပဲကြားထဲကတောင်းပန်ပါတယ်
စိတ်ကိုလျှော့ပါအကိုရယ်"
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...