Zawgyi
ယမန်နေ့ညကအိပ်မက်ထဲမှာ မောင်နဲ့ကျွန်မ စစ်လက်ကျန်ဘီးကလေးကိုအတူစီးလို့
အာနန္ဒာဘုရားဆွမ်းလောင်းပွဲကိုသွားကြသည်တဲ့..
မောင့်ခါးကိုကျွန်မကဖက်လို့ ကျွန်မလက်ကလေးကိုမောင်ကခပ်ဖွဖွဆုပ်ကိုင်လို့
စက်ဘီးရွေ့ရာမြေနီလမ်းကလေးဟာ
သာမန်ထက်သင်းပျံ့နေတယ်လို့လည်းအိပ်မက်ထဲမှာ
ကျွန်မခံစားမိသည်။နားထဲကိုတိုးလျှိုးဝင်ရောက်လာတဲ့
တုံးမောင်းခေါက်သံရဲ့အဆုံးမှာတော့
မြေနီလမ်းကလေးရော စက်ဘီးပေါ်ကမောင့်ကျောပြင်ရောဟာ
ဝေဝေဝါးဝါးလူးလွန့်ပျောက်ကွယ်လေသည်။စိတ်အလိုမကျခြင်းတို့ကို
သက်ပြင်းတစ်ချက်တည်းဖြင့် ခွာချခဲ့ကာ
ဆံနွယ်တို့ကိုဂျပန်ဘီးနဲ့တစ်ပတ်လျှိုရင်း ဘေးနားအးမှာအိပ်မောကျဆဲဖြစ်သည့် သားဖြစ်သူရဲ့နဖူးပြင်လေးကို နွယ် ခပ်ဖွဖွလေးနမ်းပြီးမှခြင်ထောင်ထဲမှထွက်လိုက်သည်။နွယ် နိုးတော့ အဘတောင်ဘုရားစင်ရှေ့ဝယ်နေရာယူလေပြီ။
ထရံပေါ်ကခင်သန်းနုရုပ်ပုံပါ ရွက်စုတ်ပြက္ခဒိန်လေးကို ဖြဲဆုတ်ရန်လက်လှမ်းမိတော့ ၁၉၆၆ခုနှစ် ၊ ဧပြီလ ၃ရက်...။ထဘီကိုခပ်တိုတိုပြင်ဝတ်ရင်း မီးဖိုချောင်ဖက်ဆီသို့ခပ်သွက်သွက်ကလေးလှမ်းလိုက်သည်။
မီးဖိုချောင်လို့ဆိုရရုံ ပျဉ်ထရံကာအိမ်လေးဆီမှ
အဖီချထားတဲ့ဖက်မိုးတဲကလေးအောက်ကို နွယ်ခါးကိုင်းဝင်ပြီး ထမင်းလက်ကျန်ကလေးကိုကြော်ဖို့ပြင်သည်။
ပြီးမှ အဘအတွက်ရော သားအတွက်ပါ ညကတည်းကခြွေထားတဲ့ဆူးပုတ်ရွက်တစ်ဆုပ်နဲ့ ဆိုင်သိမ်းအပြန်မင်းနန်သူဖက်ကလာရောင်းတဲ့ငါးခူလေးကိုအရံသင့်ချက်လို့ရအောင်ပြင်ထားလိုက်သည်။နွယ်တစ်ကုပ်ကုပ်အလုပ်ရှုပ်နေတုန်း နောက်ပါးဆီမှ
"အမေ...မင်္ဂလာနံနက်ခင်းပါ"
သူ့အဖိုးရဲ့သင်ပြမှုတွေနဲ့အတူ ယဉ်ယဉ်ကျေးကျေးကြီးပြင်းလာရှာတဲ့သားဖြစ်သူရဲ့
မနက်ခင်းနှုတ်ဆက်သံနွေးနွေးအောက်ဝယ် နွယ့်ရဲ့ဘဝအမောတို့ပြေလျော့သွားသယောင်...။"မင်္ဂလာနံနက်ခင်းပါတော်...ကဲ မျက်နှာသစ်သွားတိုက်
ဒီမယ်အမေထမင်းကြော်ပြင်ထားပြီးပြီ သားမောင် အဘနဲ့ဘုရားဝတ်တက်ပြီးရင် ထမင်းကြော်စားပြီးဆိုင်သွားခင်းနှင့်နော် အမေမကြာဘူးလိုက်ခဲ့ချေမယ်"
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...