Ep 24

83 8 1
                                    

Unicode

"ဟဲ့ ကောင်မရေ ...ဟိုကောင်လေးရဲ့အမက
သူဌေးသားတစ်ယောက်ဆီကနေကပ်ချူနေတာဆို"

"ဟယ် ဟုတ်လား အဲ့ဒီကောင်မလေးကဆရာဝန်မ မဟုတ်လား"

"ဆရာဝန်မပေမယ့်လည်း မောင်နှမနှစ်ယောက်တည်းဆိုတော့ အားကိုးလိုချင်ရှာမှာပေါ့အေ ညည်းကလည်း"

"သူ့မောင်လေးတော့ သနားရှာပါတယ်"

"ဟဲ့...ဘာဖြစ်လို့လဲ ကောင်မရဲ့"

"မိဘတွေကလည်းမရှိတော့ အထိန်းအကွပ်မဲ့နေတာပေါ့အေ ကျုပ်ကြည့်ရ‌သလောက်တော့ ဟိုသူဌေးသားက ကျောရရုံကြံမယ့်ပုံလိုမျိုးပဲအေ့ ဟိုကလေးမကိုနှစ်နှစ်ကာကာရှိတဲ့ပုံလည်းမပေါ်ဘူး ဘယ်နေ့ကျော်မကောင်းကြားမကောင်းတွေဖြစ်ဦးမလဲမသိပါဘူး‌အေ"

ကြက်သားဝယ်နေရင်း မလှမ်းမကမ်းရှိ ငါးသည်နှစ်ယောက်ကအချီအချဟန်ပါပါပြောနေသော အတင်းအဖျင်း‌
စောင်းမြောင်းစကားသံကြောင့် မဟော့်အသားတွေတဆတ်ဆတ်တုန်လာရသည်။မှန်သလိုလိုနှင့်မှားနေသောသွားပုပ်လေလွင့်စကားတို့ကြောင့် လက်သီးကိုကျစ်ကျစ်ဆုပ်ရင်း တောက်တစ်ချက်ပြင်းပြင်းခေါက်မိသည်။ထိုအခါမှ ငါးစိမ်းသည်အဒေါ်ကြီးနှစ်ယောက် ခေါင်းချင်းကွဲသွားကြသည်။

ဝယ်ထားသည့်ဟင်းစားမယ်ထုပ်တွေကို ဆွဲပြီး ဈေးကနေအိမ်ကိုဒုန်းချင်းစိုင်းခဲ့တော့ အိမ်ရှေ့မှာ အကုသိုလ်အထုပ်က ပုံလျက်သားရောက်နေသည်။ကားဘော်ဒီကိုမှီပြီး မမနှင့်ရယ်ရယ်မောမောစကားပြောနေကြပုံကိုထောက်လျှင် ဆေးရုံကနေအပြန်လိုက်ပို့တာဖြစ်လိမ့်မည်။
ဒီလိုအပြုအမူတွေကြောင့် လူ‌ေပြာခံရတာနည်းတောင်နည်းသေးသည်ဟု မဟော်‌တွေးမိသည်။သို့သော် နှစ်ယောက်သားက ထိုအတင်းအဖျင်းတွေကို နည်းနည်းလေးတောင် ဂရုစိုက်ဟန်မတူ။လောကကြီးကိုအရွဲ့တိုက်နေသည့်အလား အရယ်အ‌မောမပျက်။

ထိုအကုသိုလ်က ကားပေါ်တက်ပြီး ဝူးခနဲမောင်းထွက်သွားတော့ မမလည်းအိမ်ပေါ်ကို လှစ်ခနဲပြေးတက်သွားသည်။လှမ်းမြင်လိုက်ရသော အပြုံးနုနုတွေက ဆယ်ကျော်သက်ကလေးတစ်ယောက်လိုလန်းဆန်းနေလေ၏။

"ငြိမ်"Where stories live. Discover now