Zawgyi
မိုးစက်မိုးဖွဲတွေက ကတ္တရာလမ်းမကြီးဆီသို့ တသွဲ့သွဲ့ဦးစိုက်ထိုးဆင်းလျက် ....
ရာသီဥတုက ရင်းမောင်ရဲ့စိတ်သဏ္ဍာန်နှယ် သိပ်အစိုးမရချင်။သုံးဘီးဆိုင်ကယ်အ၀ါကလေးသည် ၃၅လမ်းထဲမှလူစည်ကားရာနေရာတစ်ခုတွင်
တုံ့ခနဲထိုးရပ်သွားသည်။ဆိုင်ကယ်မောင်းသူဦးလေးကြီးအား ၁၅ကျပ်တန်အနွမ်းလေးတစ်ရွက်ကိုရင်းမောင်အင်္ကျီအိပ်ကပ်ထဲကနေထုတ်ပေးဖို့ပြင်နေတုန်းမှာပင် ငြိမ်ပြေ့ဆီမှအကြွေခေါက်အသစ်လေးတွေက ဦးလေးကြီးလက်တွင်းတို့ရောက်ရှိနေလေပြီ..။
"ငြိမ်ပြေ...!!! "
ရင်းမောင်ရဲ့မာထန်သည်ဟုမဆိုသာသော
အသံကိုဂရုမစိုက်ဘဲ
၁၅ကျပ်တန်လေးကိုကိုင်ထားသော လက်ချောင်းများကို သူ့လက်ကလေးများဖြင့်ဖိကိုင်ပြီး ခပ်ဖွဖွပြုံးကာ.."ခုနက အကို ငြိမ်ပြေ့ကို နွားနို့ဝယ်တိုက်ထားတယ်လေ ဘဲစားဘဲချေပေါ့ အကိုရဲ့....
အကိုကလည်းလိုက်ပို့ရသေး ပိုက်ဆံလည်းအကုန်ခံရသေးဆို ငြိမ်ပြေလိပ်ပြာဘယ်လုံပါ့မလဲ"ပြောချင်ရာတွေပြောပြီးရင်းမောင်လက်ထဲကခေါက်ထီးအမဲကိုဆွဲယူကာ သုံးဘီးပေါ်မှပြေးဆင်းသွားလေပြီ။
အောက်ရောက်တော့ ထီးအမဲကိုဖွင့်ပြီး ရင်းမောင်ကိုမြန်မြန်လာဆိုသည့်သဘောဖြင့်လက်ယပ်ခေါ်နေသည့်ကောင်လေးသည် မိုးစက်မိုးမှုန်တွေနောက်ခံထားလို့လားမသိ...။
မနှိုင်းကောင်းနှိုင်းကောင်း စက်စက်ယိုအောင်လှပါသည်။အိမ်ကထွက်လာကတည်းကထီးပါလာပုံမရသည့်
ကောင်လေးရဲ့ဆံစဖျားတွေမှာ မိုးစက်မှုန်လေးတွေက မတော်မတရားကျူးကျော်ဟီးလေးခိုနေတော့ မျက်နှာသွယ်သွယ်ဖြူဖြူလေးကတစ်မျိုးလေး
ကြည့်ကောင်းနေဟန်...။
ငေးမောရင်း အောက်ရောက်လာသည်အထိ ရင်းမောင်မျက်တောင်ပင်တစ်ပြက်မျှ
မခတ်မိသည်မှာအသေအချာ... ။သုံးဘီးဆိုင်ကယ်က၀ူးခနဲမောင်းထွက်သွားတော့
ရင်းမောင်လက်ကိုဖြတ်ခနဲလှမ်းကိုင်လာသည့် မိုးရေစိုထားတဲ့လက်ချောင်းအေးအေးကလေးတွေ..။
ထင်မထားသည်မို့ သွေးနွေးသတ္တ၀ါကောင်ရင်းမောင်တစ်ယောက် ခန္ဓာကိုယ်တွင်းမှာပူခနဲ...။
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...