Ep 28

75 7 4
                                    

"ညီမလေး မြရိုးနွယ် တစ်ယောက်တည်းလား
အဖော်မပါဘူးလားကွယ်"

"ပါတယ် မမယဉ် ရက်ကန်းရုံကမကြင်က စကော့ဈေးထဲမှာအထည်သွင်းဖို့သွားတော့ နွယ်လည်းဘုရားမရောက်တာကြာပြီမို့ တစ်ယောက်တည်းထွက်ခဲ့လိုက်တာ"

"နို့ ဒါနဲ့ ဘယ်မှာတည်းကြတုန်းကွယ်"

"အသိညီမလေးတစ်ယောက်ရဲ့အိမ်မှာပါ မမယဉ် ဒါနဲ့ .... ဟို မေမေကြီးတို့ မမခင်တို့
နေကောင်းကျန်းမာကြရဲ့မဟုတ်လား"

မြရိုးနွယ်ဆိုတဲ့အမျိုးသမီးလေးရဲ့မျက်ဝန်းတွေထဲမှာ အငြိုးအာဃာတကင်းလျက်ရှိနေသည်ကို ယဉ်ယဉ်တွေ့လိုက်ရတော့ ကိုယ့်ကိုယ်ကိုယ်အပြစ်မကင်းစိတ်က တလှိမ့်လှိမ့်တိုးဝှေ့လို့ဝင်လာလေ၏။

"ကောင်းကြပါတယ်ကွယ် ဒါပေမယ့် မေမေကြီးကတော့ သိပ်မမာရှာဘူး"

အတန်ကြာတိတ်ဆိတ်နေပေမယ့် ရင်ပြင်တော်ဖက်ဆီမှလွင့်ပျံလာသော ဆည်းလည်းသံလွင်လွင်က နှစ်‌ယောက်ကြားမှဖြတ်တိုး၍အဝေးသို့လွင့်စင်ထွက်သွားလေသည်။

"မြရိုးနွယ်..."

"ရှင်....မမယဉ်"

ဘုရားပရဝုဏ်ထဲက ခုံတန်းလေးမှာအတူထိုင်နေရင်းမှ မမယဉ်က ခုံအောက်သို့ဆင်းကာ ဒူးထောက်ပြီး နွယ့်လက်ကလေးတွေကိုခပ်ဖွဖွဆုပ်ကိုင်လေသည်။

"မမယဉ် ... မမယဉ်လေ အနူးအညွတ်တောင်းပန်ပါတယ်ကွယ်"

"အို မလိုပါဘူး မမယဉ်ရယ် မမယဉ်ကဘာဖြစ်လို့တောင်းပန်ရမှာလဲ ဒီလိုဖြစ်ခဲ့ရတာက
နွယ့်ရဲ့ဝဋ်ကြွေးကြမ္မာတွေပါ ထပါမမယဉ်ရယ် ခုံပေါ်ပြန်ထိုင်ပါ နွယ်ငရဲကြီးနေပါ့မယ်"

"နောက်ပြီးတော့ မေမေကြီးနဲ့ မမခင်ကိုရော မခွင့်လွှတ်နိုင်ခဲ့ရင်တောင် မုန်းတော့မမုန်းစေချင်ဘူးကွယ် သူတို့အစားမမယဉ်ကပဲတောင်းပန်ပါတယ်"

မြရိုးနွယ်က ခဏတာတိတ်ဆိတ်သွားပြီး တဝီဝီသွားလာနေကြသည့်ကားတွေကိုသာ ခပ်တွေတွေလေးငေးကြည့်နေ၏။ပြီးနောက် နွေးနွေးကလေးပြုံးကာ တိုးတိုးကလေးဆို၏။

"နွယ် အားလုံးကိုခွင့်လွှတ်ပါတယ် အစကတည်းကကို အပြစ်မမြင်ခဲ့တာပါ
နွယ့်လိုအညတရမိန်းကလေးတစ်ယောက်က
မမတို့လိုအသိုင်းအဝန်းထဲကို ဘယ်လိုမှဝင်ဆန့်နိုင်မှာမဟုတ်မှန်း နွယ်သိပြီးသားပါ
ဒါပေမယ့် မောင့် ကို ... ကိုမင်းထင်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ နွယ်မျက်စိစုံမှိတ်ခဲ့တာပါ
ဒါပေမယ့် အခုလည်းဘာမှထူးမနေတော့ပါဘူး မမယဉ်ရယ်"

"ငြိမ်"Where stories live. Discover now