Ep 20

150 13 2
                                    

Unicode

"ဘူ ဘော် ဘူ ဘော်"

နံနက် ၅ချက်တီးချိန်တွင် ထွက်မည့်ပုဂံအဆန်ရထားသည် ထွက်ခွာချိန်နီးနေပြီမို့  အသံစုံပေးကာ ဟန်ရေးပြင်လျက်ရှိသည်။လင်းရောင်နီကအတော်ပင်ပျို့၍ ဒေါင်းဖလ်ဝါနေမင်းကြီးပင်လျှင် ထွက်ပြူစပြုနေလေပြီ။ယမန်နေ့ညကရွာထားသော မိုးကြောင့်ပတ်ဝန်းကျင်ကစိုထိုင်းထိုင်းဖြစ်ကာ မြူငွေ့အချို့ပင်ရစ်သိုင်းလျက်ရှိသည်။ရုတ်ချည်းဆိုသလိုဖြာကျလာသော နေခြည်လက်တံတစ်ချို့သည် မြူထုကိုထိုးဖောက်ကာ ဝသုန္ဒရေမြေပံသုပေါ်သို့ ခုန်ပေါက်သက်ဆင်းလာလေသည်။ မိုးစက်မည်လော နှင်းသည်လော မကွဲပြားသော ရေစက်တစ်ချို့ဟီးလေးခိုနေသော မြကမ္ဗလာရောင် မြက်ခင်းစိမ်းတွေသည် ရထားသံလမ်းနံဘေးတွင် ဟိုတစ်ကွက်ဒီတစ်ကွက်ကွက်ကြားပေါက်နေလေသည်။ ပျားပန်းခတ်လှုပ်ရှားနေသောရထားလမ်းစင်္ကြန်ပေါ်တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်မှာလည်း ဘယ်နှစ်ကြိမ်မြောက်မှန်းပင်မသိတော့။ ဆူဆူညံညံဖြင့် တစာစာအော်ရောင်းနေသည့် ဈေးသည်တွေ၏အသံကလည်းနားထဲတွင် ကြားတစ်ချက်မကြားတစ်ချက်။

"ဟေ့ကောင် ရင်းမောင် ငါအတော်‌လေးကိုမျက်စိနောက်လှပြီကွာ အပေါ်မှာလူစုံနေပြီကွ တက်ရအောင် ဒီမှာရပ်စောင့်နေတာအတော်ကြာနေပြီ မင့်ဟာလေးကလာမှာမဟုတ်လောက်တော့ဘူး"

"မင်းကလည်းလာမှာပါကွ ပါးစပ်ပုပ်ကြီးနဲ့ မဦးမချွတ်"

"ဒီမယ် ရင်းမောင် ငါပြောမယ် ငြိမ်ပြေ့ဘွားတော်ကြီးကကွာ သူ့သားလေးကို နုပြယုယဘုထမခံနိုင်အောင် တုန်တက်ပြီးချစ်တာလည်းမင်းအသိပဲ အခုလိုမျိုးအုတ်ရောရောကျောက်ရောရော ဟေးလားဝါးလားသွားဖို့ ခွင့်ပြုမယ်ဆိုလို့ကတော့ နောင်ဘုရားတောင် အခုချက်ချင်းဘုတ်ခနဲကောက်ပွင့်သွားလိမ့်မယ်"

တင့်ဆွေပြောစကားကြောင့် ရင်းမောင်မျက်ဝန်းတွေညိုမှိုင်းသွားရသည်။ ဘူတာအဝင်အဝကိုလှမ်းကြည့်လိုက်တော့ အရိပ်အယောင်ပင်မတွေ့ရသူကြောင့် အသည်းဘဝင်ကညှိုးခွေနွမ်းလျသွားရသည်။တစ်နှစ်မျှလေ့လာရေးခရီးမလိုက်ခဲ့သူရင်းမောင်မှာ တင့်ဆွေ၏ငြိမ်ပြေအေးလိုက်ရင်လိုက်မှာကွဆိုသည့်အဆွယ်စကားကြောင့် ခေါင်းပင်တစ်ချက်မျှမခါမိဘဲပါလာရခြင်းမဟုတ်လား။အကယ်၍များ ထိုကောင်လေးသာဒီခရီးမှာပါမလာခဲ့လျှင် ဒီလေ့လာရေးခရီးက အဓိပ္ပာယ်ဗလာနတ္ထိဖြစ်သွားမည်မှာ မုချဧကန်ဖြစ်သည်။

"ငြိမ်"Where stories live. Discover now