Zawgyi
မှန်ပြတင်းအပြင်ကရာသီဥတုသည် အုံ့အုံ့မှောင်မှောင်နှင့်ခပ်စိမ့်စိမ့်ကလေးအေးသည်။
လမ်းမီးတိုင်ရဲ့ဝါကျင်ကျင်အလင်းရောင်အောက်တွင်ဖြာခနဲကျဆင်းသွားသောမိုးစက်မိုးပေါက်တို့သည် ကဗျာဆန်နေအောင်လှသော်လည်း
ဇွန်လရဲ့မိုးစက်တွေကိုကြည့်လိုက်ရင်တော့ထုံးစံအတိုင်း ပျင်းရိလေးတွဲစွာခုန်ပေါက်သက်ဆင်းနေမြဲပင်...။
စာကြည့်စားပွဲမှ ပြင်ပလောကကို ခပ်တွေတွေလေးငေးဆနေခိုက်.."ရမ်းမောင်.. ရမ်းမောင်ဝေ့!!!"
( ရခိုင်တွင် ရ ကို Ra ဟုထွက်သဖြင့် Ra အသံဖြင့်ဖတ်ပေးပါရန်)
ဘေးချင်းကပ်အခန်းမှရခိုင်သားမြတ်ကျော်၏ ရခိုင်သံဝဲ၀ဲသည်
ရင်းမောင်ကိုရုတ်တရက်အတွေးမှ
လန့်နိုးလာအောင်လုပ်ဆောင်လိုက်ချေပြီ။"ရမ်းမောင်.. မင်းဇာလုပ်နေလေ"
"ဘာမှမလုပ်ပါဘူးကွာ.. စာမလုပ်ချင်သေးတာနဲ့ မိုးအေးအေးနဲ့ပျင်းနေတာ"
"မင်း စာမလုပ်သေးဆိုရေ ငါ့ကို notesတွေ ငှားစမ်းပါ"
"ဪ.. အေး အေး လွယ်အိတ်ထဲယူသွား"
"ရမ်းမောင်...မင်း ဒီဝတ္ထုဖတ်ပြီးရေ ငါ့ကို ပေးဖတ်ဦး"
ရင်းမောင်ဖျင်လွယ်အိတ်ထဲတွင်အနည်းဆုံးဝတ္ထုနှစ်အုပ်ခန့်အမြဲရှိနေတတ်တာမို့ဘာဝတ္ထုလဲဆိုတာလှည့်ကြည့်မိတော့ ညနေက တစ်စုံတစ်ယောက်တိုက်မိလို့ကျသွားတဲ့
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့
တက္ကသိုလ်နွေညများစာအုပ်ကလေး..
ရုတ်တရက်အတွေးထဲဝင်လာတော့ လက်ဖမိုးဖြူဖြူအိအိလေးကိုသတိရမိသွားသည်မို့
ခေါင်းကိုတွင်တွင်ခါရမ်းမိလိုက်သည်။"ဟင်.. မင်းမငှားနိုင်လို့လား"
ရင်းမောင်ကိုယ့်အတွေးနဲ့ကိုယ်ခေါင်းခါမိသည်ကို မြတ်ကျော်ကစာအုပ်မငှားဘူးအထင်နှင့်မေးလေသည်။
"မဟုတ်တာကွာ... ညနေကပဲဖတ်ပြီးတာ မနက်ဖြန်တော့လာပေးလေနော့် Library သွားပြန်အပ်ရမှာမို့"
"အေးအေး.. ကျေးဇူးပါရေ"
မြတ်ကျော်ထွက်သွားပြီးမကြာမီ
အခန်းစုံလှည့်ပြီးအာဘောဓာတ်လွန်ကဲလာတဲ့ ပဲခူးဆောင်ရဲ့လူသိများသော ၀တ္ထုယောင်ယောင် ကဗျာယောင်ယောင် အမောင်တင့်ဆွေ ပြန်လာချေပြီ...
ဘာသတင်းတွေများ ရင်းမောင်ကို လေပွဦးမည်မသိ။
နားတော့ငြီးရဦးမှာအမှန်..

YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...