Ep 22

115 11 7
                                    

Unicode

"ပွမ် ...ပွမ် ...ပွမ်"

တစ်ထပ်တိုက်ပုလေးရဲ့ ခြံရှေ့ဆီမှ တပွမ်ပွမ်မြည်အောင်ဖိတီးနေသော ကားဟွန်းတီးသံကြောင့် ဟင်းအိုးအတွက် ကြက်သွန်နီခွာနေစအလုပ်ကိုပစ်ချပြီး မီးဖိုချောင်ခန်းမှထွက်ကာ အိမ်ရှေ့ဆီသို့ခပ်သုတ်သုတ်ပြေးသွားလိုက်သည်။အိမ်နောက်ဖေးရေစည်မှာ
တဗွမ်းဗွမ်းမြည်အောင် ရေလောင်းချိုးနေသော မမကတော့ ကြားဟန်မတူတာမို့ မဟော်ဦးပဲ ထွက်လာရတာဖြစ်သည်။

အပေါင်းအသင်းဆိုလျှင် လက်‌သုံးချောင်းပင်မပြည့်‌သောမဟော်ဦးရဲ့ ဧည့်သည်‌တော့မဟုတ်တန်ရာ။လူအုပ်လူထည်နှင့်ပင်ရောရောထွေထွေမနေတတ်တာကြောင့်ပင် လေ့လာရေးခရီးမလိုက်သွားတာကိုပဲကြည့်ပါလေ။ခြံတံခါးကိုဖွင့်ကာ ဘယ်ကဧည့်သည်ဆောင်ကောင်းများလဲဟု အကြည့်ဝေ့မိရာ
ဤမနက်ခင်း၏ ကျက်သရေမင်္ဂလာအဖြာဖြာတုန်းရပါသည်။စပို့ရှပ်လက်‌ေမာင်းအကျပ်ကို ဂျင်းအပွထဲထည့်ဝတ်ထားပြီးကားအမိုးကိုမှီ၍လက်တင်ကာ ဆေးလိပ်ကိုဟန်ကျကျရှိုက်ဖွာနေသူသည် ကတ္တရာလမ်းမကိုသာအကြည့်မူထားပြီး အိမ်ဖက်ကိုလှည့်၍ပင်ကြည့်မနေပေ။
အိမ်၏အရှေ့မှာ ရပ်ထားသော ကားမှာတစ်စီးသာရှိတာမို့ ခုနကကားဟွန်းတီးသံသည် ဒီလူတီးနေတာပဲဖြစ်လိမ့်မည်။

"ဟေ့လူ ဒီနေရာက ကားသင်္ချိုင်းမဟုတ်ဘူး
ကားအစုတ်ကြီးကို ရှိုးလာထုတ်မနေနဲ့ ကိစ္စမရှိရင် အိမ်ရှေ့ကထွက်သွားတော့"

"နေပါဦး ချာတိတ် တဆိတ်လောက်မေးပါရစေဦး ဒါကမင်းအိမ်ရော ဟုတ်လို့လား သွား သွား မမကိုသွားခေါ်ပေး မင်းကြည်ညိုစောင့်နေပြီလို့"

"-ီး ကို မမလား ဖြတ်ရိုက်လိုက်လို့ ပါးစောင်တစ်ခြမ်းစောင်းသွားမယ် ဘာမမလဲ ရှိလဲ မရှိဘူး သိလည်းမသိဘူး ခင်ဗျားဝေးဝေးလစ်လိုက်တော့"

"ဟ...ကိုယ်မမှားပါဘူး ဒီမယ် မမပေးခဲ့တဲ့လိပ်စာ မမကဒီကနေ့သူ့မွေးနေ့မို့ ဘုရားသွားမယ် လာခေါ်ပါဆိုလို့ လာခေါ်တာ နို့ နေပါဦး
မင်းနဲ့မမကဘာတော်လဲ"

"ဟာ စကား‌တွေများလိုက်တာ ခင်ဗျားအိမ်မှားနေပြီဗျ ဘာမမမှမရှိဘူး သဇင်ဦးဆိုတာလည်းမသိဘူး အာရုံနောက်စရာပဲ ခင်ဗျားသွားမလား ကျွန်တော့်လက်သီးစာမြည်းမလား"

"ငြိမ်"Where stories live. Discover now