Zawgyi
ပြိုလုပြိုအံ့တိမ်ညိုလိပ်တွေကြားမှ မှုန်မွှားမွှားနေခြည်စတွေဖြာကျနေသောတနင်္ဂနွနေ့သည် လူသားတွေနှင့်အပြိုင်အလုပ်များနေပုံပေါ်သည်။
လသာလမ်းထောင့်က နှစ်ပေါင်း၁၅၀ခန့်သက်တမ်းရှိတဲ့
ကွမ်ရင်မယ်တော်ဘုံကျောင်းရှေ့တွင်
ရင်းမောင်ရပ်နေသည်မှာ နာရီဝက်ခန့်ရှိပြီ...။
လက်ပတ်နာရီကပင်မှားများနေသလားလို့
၁၅ကြိမ်မြောက်ငုံ့၍ကြည့်နေမိသည်အထိ..။
ဒီကောင်လေးမေ့များနေပြီလားလို့
မသိစိတ်အတွင်းဝယ်လည်းထိတ်ခနဲ ။
ဒါမှမဟုတ် ကောင်လေးရဲ့အမေများခွင့်မပြုလေလို့လား ဆိုတဲ့အတွေးများကလည်းယောက်ယက်ခတ်လျက်...။ယမန်နေ့ညကဆိုလျှင် ကောင်လေးကိုပျော်စေမည့်နေရာတွေ
လိုက်ပို့ပေးရမည့်အကြောင်း
ကောင်လေးပျော်သွားသည့်အခါတိုင်း
လက်ခနဲဖြစ်သွားမည့်ဖန်ဂေါ်လီလုံးလေးတွေနဲ့
သဏ္ဍာန်တူသည့်မျက်ဝန်းညိုတွေအကြောင်းတွေးရင်း
အဆောင်ကကုတင်ပေါ်မှာ
ရင်းမောင်တစ်ယောက်လူးခနဲ လှိမ့်ခနဲ...။
မည်သို့မျှမတော်စပ်သော လူသားလေးတစ်ယောက်ကိုပျော်ရွှင်အောင်
ဖန်တီးပေးချင်မိသည့်စိတ်တွေကို ဓာတုဗေဒဓာတ်ခွဲခန်းထဲတွင်ခွဲ့ခြမ်းစိတ်ဖြာ
အဖြေရှာကြည့်ချင်သော်လည်းထွက်လာမည့်ရလဒ်ကို
လက်မခံရဲသည်မို့ ရင်းမောင်အတွေးတွေကိုနိဂုံးချုပ်လို့ စောင်ခေါင်းမြီးခြုံပစ်ခဲ့ရသေးသည်မဟုတ်လား..။မိုးဖွားမိုးဖွဲလေးတွေက အကြောင်းကြားစာမပို့ပါဘဲ ရင်းမောင်ရပ်နေရာစိန်ပန်းပင်ကြီးရဲ့
အခက်အလက်တွေကိုဖြတ်ကျော်ပြီး တဖွဲဖွဲကျလာလေပြီ။
မိုးဒေဝါကအငြှိုးကြီးလာမည့်ဟန်မို့ မိုးခိုဖို့နေရာကိုဝေ့ဝဲရှာကြည့်တော့ မလှမ်းမကမ်းက မာမူတစ်ယောက်ရဲ့ တာလပတ်အမိုးလေးကို
၀ါးတိုင်လေးချောင်းဖြင့်ထောက်ထားပြီး ဆိုင်မဆိုသာရုံ ပလာတာနဲ့နွားနို့အရောင်းဆိုင်ကလေး...။
ထီးကောက်ကြီးကိုဖွင့်မနေတော့ဘဲ မာမူကြီးဆိုင်တွင်းသို့သာ အပြေးခိုဝင်မိသည်။"ဟရေး... ကောင်လေး ပလာတာစားမလား နွားနို့သောက်မလား "
"နွားနို့ပူပူလေးတစ်ခွက်ပေးပါ မာမူ..
ပူပူလေးနော်"
YOU ARE READING
"ငြိမ်"
Romanceဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ... ငြိမ်သက်ခြင်းဆိုတာ ထာဝရမရှိတဲ့ လူ့ဘဝကြီးက အဲ့ဒီစိတ်လိပ်ပြာလေးတွေကို ကြမ္မာငင်စေဖို့အကြောင်းဖန်လာတဲ့...