Ep 42

75 7 0
                                    

Unicode
------------

"ဒီလက်ထပ်ပွဲကို ကလေးကစားစရာလို့များထင်နေကြလား ဟမ် ပထမအကြိမ်စေ့စပ်ပွဲကတည်းက ဒင်း ကဖျက်ကယက်လုပ်နေတာ
ဒီလိုမျိူး ရေဇလုံထဲစိမ်ပြီးပြာနှမ်းပြရုံလောက်နဲ့ ငါကအရှက်ကွဲခံပြီးမင်္ဂလာပွဲကိုဖျက်ပေးရမှလား အဲ့ဒီကောင်အရူးထတိုင်းနင်လိုက်အရူးမထနဲ့ မိယဉ်ယဉ်ထိပ်ထား"

"ဘုရား ဘုရား မမခင် ဘယ်လိုတောင်ပြောလိုက်တာလဲ အဲဒါညည်းမွေးထားတဲ့သားရောဟုတ်ရဲ့လားလို့တောင်မေးယူရမလိုဖြစ်နေပြီ ဘယ့်နှယ့်တော် ညည်းလူစိတ်များရှိသေးရဲ့လား မျိုးရိုးတွေ ဂုဏ်သိက္ခာတွေပြောရအောင် အဲဒါတွေကညည်းသားရဲ့ အသက်လောက်အရေးပါလို့လားဟဲ့"

"ဧကမြိုင်ရဲ့ဆက်ခံသူတစ်ယောက်အနေနဲ့ ဒါတွေက သူလုပ်ရမယ့်တာဝန်တွေပဲ ငြင်းပိုင်ခွင့်မရှိဘူး အေး... ဒီတစ်ခါမင်္ဂလာပွဲကိုဖျက်ဆီးဖို့လုပ်ရင်တော့ သူနဲ့ငါအသက်ချင်းလဲပစ်ဖို့ပြင်ထား"

"........."

"မေမေစိတ်မပူပါနဲ့ ကျွန်တော် မမဂျက်စမင်ကိုသေချာပေါက်လက်ထပ်မှာပါ"

"ဟင် ... သားသား ဘာလို့ဆင်းလာတာလဲကွယ် နေဖြင့်ကောင်းသေးတာမဟုတ်ပဲနဲ့"

မမခင်ကိုငေးကြည့်နေသော ငြိမ်ပြေအေးလေး၏မျက်ဝန်းတို့သည် ရေသေကန်တစ်ခု၏မျက်နှာပြင်ကဲ့သို့ပကတိငြိမ်သက်လျက်ရှိသည်။ဖြူဖျော့နေသောနှုတ်ခမ်းပါးတို့က စကားလုံးတွေပွင့်အန်ကျလာဖို့အတော့်ကိုအားယူနေရပုံပေါ်သည်။ချည်သားအင်္ကျီလက်ရှည်နှင့်ချည်ပုဆိုးလေးကိုဝတ်ထားသောခန္ဓာကိုယ်လေးသည် အတော်ကိုပါးလှပ်ကာအားနည်းနေပုံရ၏။

"ယောကျ်ားဆိုတာ ဒါမျိုးမှပေါ့ ကိုယ်ပေးတဲ့ကတိကိုကိုယ်တည်ရမှာပေါ့ ဟုတ်တယ်မလား ငြိမ်ပြေအေး"

မမခင်၏သားသားအပေါ်ကြည့်သောအကြည့်တို့တွင် အနိုင်ရသူတစ်ဦး၏ပီပြင်သောခနဲ့ပြုံးတို့ထင်ဟပ်လျက်ရှိသည်။သားငြိမ်ပြေ၏မျက်ဝန်းတို့သည် ရေသေကန်ထဲခဲလုံးကျသွားသကဲ့တို့လှုပ်ခတ်လာကာ မျက်တောင်ဖျားတို့သည်စိုစွတ်လာလေသည်။

"သားသား ....ဘာကတိတွေပေးထားလို့လဲ ယဉ်ယဉ့်ကိုပြော သားမချစ်မနှစ်သက်သူနဲ့တစ်သက်လုံးအတူနေဖို့ဆုံးဖြတ်ရလောက်တဲ့ထိ အဲဒါဘာကတိမို့လို့လဲ"

"ငြိမ်"Where stories live. Discover now