.
တွယ်နှောင်ရစ်ငင်
အပိုင်း(၁)
10150115
#တွယ်နှောင်ရစ်ငင်
"ဖေကြီး..ပြန်လာပြီ....ဖေကြီး...ပြန်လာပြီ....ရေး... ရေး.....ရေး...."
အလုံးကျောင်းက ပြန်လာချိန် ခြံစည်းရိုးမှာ ဝါးခက်တွေ ချည်နေတဲ့ ဖေကြီးကို တွေ့တော့ လွယ်အိတ်မ၍ ပြေးသည်။
လွယ်အိတ်က လေးပြီး ကျောက်သင်ပုန်းလည်း ကိုင်ထားရတုန်းမို့ လွယ်လွယ်နဲ့ မပြေးနိုင်ပေမဲ့ အားထည့်ပြေးသည်။
"ချော်လဲပါဦးမယ်...သမီးရယ်..."
ဖေကြီးကို ပြေးဖက်တော့ လက်ထဲက ဝါးခက်တွေ ချပြီး အလုံးကို မြှောက်ချီလိုက်သည်။
အလုံး က ဖေကြီးပါးကိုကိုင်ပြီး သေချာ ကြည့်ကာ လည်ပင်းကို ဖက်ထားရင်း ပျော်နေသည်။
"ဖေကြီး...ဖေကြီး....ညက ဘုရားပွဲမှာ ဇာတ်ကမယ်..သွားကြည့်မယ်နော်.."
"အင်း...အင်း.....သမီး ကျောင်းဆင်းတာ ဗိုက်ဆာ နေပြီမလား....ရေချိုးတော့လေ.."
"ဖေကြီးနဲ့ ပဲ တူတူ ချိုးမယ်..."
"ဖေကြီးက...."
မြေကြီးပေါ်က ဝါးကပ်တွေကို တစ်ချက်ကြည့်ပြီး ဖေကြီးက ခေါင်းညိတ်ကာ အလုံး လွယ်အ်ိတ်ကို ကောက်ယူသည်။
အလုံးကတော့ ဖေကြီး ချီထားလို့ အတော်လေး ပျော်နေပါသည်။
"အား...တိုက်ဘူး...တိုက်ဘူး..."
"မျက်လုံးမှိတ်ထားလေ..သမီးရဲ့..."
"အီး...တိုက္ဘူး.."
"ဖေကြီး လက်ကွယ်ထားတယ်လေ..."
"........."
ဖေကြီးက လက်ကွယ်ပြီး ရေလောင်းချပေးတော့မှ အလုံး အငိုတိတ်သွားတော့သည်။
ရေတွင်းက ရေဆွဲပြီး ဖေကြီး ကိုယ်ပေါ် လောင်းချချိုးချိန် အနားမှာ ကပ်ရပ်နေလိုက်တော့ ေ၇ချိုးပြီးသား ဖြစ်သွားသည်။
ဖေကြီး ပြန်ရောက်လာတိုင်း ပျော်ပါသည်။
မေကြီး နဲ့ ဖေကြီးဆိုရင် ဖေကြီးကိုပဲ ပိုချစ်သည်။
YOU ARE READING
တွယ်နှောင်ရစ်ငင်
Romanceတွယ်နှောင်ရစ်ငင် "ကိုချမ်း...ကျိန်..." "ဟမ်..." "အလုံးက လွဲပြီး ဘယ်သူမှ မခင်ဘူးလို့ ကျိန်..." "ဘာလို့ ကျိန်ရမှာလဲ..မကျိန်ပါဘူး..ငါ ခင်ချင်တဲ့သူနဲ့ ခင်မှာပေါ့....နင့်ကိုလည်း ခင်တာပဲ..." "မရဘူး...ကျိန်..." "မကျိန်ဘူးဟာ....နောက်တစ်ခါ ထပ်ကျိန်ခိုင်းရင်...