OMG 15 (unicode)

227 38 17
                                    


အခန်းတံခါးကိုအမြန်ပိတ်ပြီး ‌တံခါးကိုကျောမှီကာ ထိုင်ချလိုက်သည်။

ဒူး‌ထောင်ထားရင်း လက်နှစ်ဖက်က ခေါင်းကိုလဲကျမသွားစေရန်ထောက်ထားရသေးသည်။

"သူတို့နှစ်ယောက်က ရည်းစားတွေမှ မဟုတ်တာပဲ"

အစ်ကိုက ဘာလို့လိမ်ထားခဲ့တာလဲ?

ဘာလို့ ငါ့ကိုတောင်လိမ်ထားရတာလဲ?

ပြီးတော့..

"ပြီးတော့မှ ရှီဟိုလေးက ဘယ်လိုဆိုပြီး ငါ့ကိုလာမပြောနဲ့.... နင့်ကောင်လေး.."

သေချာတယ်...အစ်ကိုက မာရှီ့ကို သဘောကျနေတာပဲ။

ဒါပေမယ့် ငါခိုင်းတာမှန်သမျှကျတော့ ဘာလို့လုပ်ပေးလဲ....ဘာလို့ ၃ ယောက်အတူရှိနေတိုင်း ငါနဲ့မာရှီ ၂ ယောက်ပဲကျန်ခဲ့ရအောင် စီစဉ်ပေးနေသေးလဲ ..

မဟုတ်သေးဘူး...

အဖြစ်အပျက်တိုင်းကို တစ်ခုချင်းပြန်ဆက်စပ်တွေးကြည့်လိုက်သည်။

မာရှီနဲ့အတူရှိနေရင် ကြည့်တတ်တဲ့အကြည့်မျိုး..

အသေးစိတ်လေးကအစ လိုက်ဂရုစိုက်တတ်တာမျိုး..

ဒါတွေအကုန်လုံးက ညီလေးတစ်ယောက်လိုချစ်လို့လုပ်ပေးခဲ့တာမဟုတ်ဘူးပဲ။

မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ ဆွဲချပြီး ပွတ်သပ်လိုက်သည်။

တကယ်ပဲအစ်ကိုက ဘယ်ချိန်ကတည်းက မာရှီ့ကိုသဘောကျနေခဲ့တာလဲ...

ငါ့ကိုဘာလို့ဘာမှမပြောတာလဲ...

ငါ့ကိုမပြောဘူးဆိုတာ ငါမာရှီ့ကိုသဘောကျနေတာကို သူကအရင်သိသွားလို့များလား...

တကယ်ပဲ အစ်ကိုရာ...ဘာလို့များ...

---

အထက်တန်းအောင်ပြီးနောက်....

'သူအမှတ်တွေဒီလောက်ကောင်းတာကို ဆေးဘာလို့မတက်ရတာလဲ'

'ရှင်ကလည်း ရှင်တောင် မီရဲ့သားနဲ့ ဆရာဝန်လုပ်ခဲ့လို့လား'

အဖေနဲ့အမေတို့အခန်းထဲကနေ ကျယ်ကျယ်ကျယ်ကျယ်နဲ့ထွက်လာတဲ့စကားသံတွေကို ညီအစ်ကိုနှစ်ယောက်က နားထောင်ရင်း ဆိုဖာပေါ်မှာထိုင်နေကြသည်။

OMG! (mashikyu/mashihoon)Where stories live. Discover now