ဒီနေ့တကယ်ပဲ ဂျွန်ခယူကဘာဖြစ်နေတာလဲလို့ ခဏခဏတွေးနေမိသည်။
နေမကောင်းလို့လား… နေမကောင်းရင် ကယောင်ကတမ်းပြောတတ်တယ်ဆိုပေမယ့် ဒါကကယောင်ကတမ်းပြောတဲ့စကားမျိုးမဟုတ်။
အဖျားလည်းကျပြီး သတိလည်းရှိတယ်။
ဒီကောင်ရူးများသွားတာလား?
‘ဂျွန်ခယူ..မင်း ကောင်မလေးတစ်ယောက်ကိုရည်းစားစကားပြောဖို့ ငါ့ဆီမှာလာလေ့ကျင့်နေတာဆိုရင်တော့ မင်းကိုငါ သက်စေ့ထိုးပြီပဲ’
ဂျွန်ခယူကသဘောကျပြီး ပါးချိုင့်လေးတွေထင်းနေအောင်ရယ်လိုက်သည်။
ထိုအချိန်မှာပဲ မာရှီဟိုက ဂျွန့်ခယူ့ကိုင်ထားတဲ့ သူ့လက်ကိုအမြန်ဆွဲထုတ်လိုက်သည်။
‘မင်းနေကောင်းသွားပြီမလား.. ငါအိမ်ပြန်ပြီးရေချိုးလိုက်ဦးမယ်.. အမေလည်းပြန်ရောက်တော့မယ်ဆိုတော့..’
မာရှီဟိုက ကုတင်ပေါ်ကနေဆင်းပြီး အိမ်ပြန်ဖို့ထလိုက်သည်။
‘ညကျလာဦးမှာလား’
ဂျွန်ခယူက အနောက်ကနေ လိုက်ထရင်းမေးလိုက်သည်။ သူ့မျက်ဝန်းထဲမှာတော့ ပြန်လာစေချင်နေတဲ့ မျှော်လင့်ချက်တွေကအပြည့်။
‘မင်းက တစ်ယောက်တည်းနေတာမို့လို့လား။ အဖေလည်းရှိတယ်။ အမေလည်းရှိတယ်။ အစ်ကိုလည်းရှိတယ်’
‘ဒါပေမယ့်…’
မာရှီဟိုမြန်မြန်ထွက်သွားဖို့ပြင်လိုက်သည်။ မဟုတ်ရင် ဂျွန်ခယူ့ပါးစပ်ကဘာတွေထပ်ထွက်လာဦးမလဲဆိုတာမသိနိုင်။
‘သွားပြီနော် .. လိုက်မပို့နဲ့တော့ မင်းအခန်းထဲမင်းဝင်တော့’
မာရှီဟိုကတံခါးဖွင့်ပြီး အထွက် တစ်ဖက်ရေချိုးခန်းကနေ ခေါင်းသုတ်ပြီးထွက်လာတဲ့ ဂျီဟွန်းနဲ့တည့်တည့်တိုးတော့သည်။
ညာဘက်မျက်စောင်းထိုးမှာရှိတဲ့ ရေချိုးခန်းဆီကို အကြည့်ကရောက်ဖြစ်အောင် ရောက်သွားသေးသည်။
ရောက်တာကလည်း အချိန်ကိုက်။ဖြူဖွေးနေတဲ့အတွင်းသားပေါ်မှာ မြင်နေရတဲ့ကြွက်သားအမြောင်းလိုက်အမြောင်းလိုက်တွေကအံ့ဩစရာ။
YOU ARE READING
OMG! (mashikyu/mashihoon)