ရည်းစားဖြစ်တာ ၁ လပြည့်သွားပေမယ့် မထူးခြားသေးတဲ့အခြေအနေကို အားမလိုအားမရမဖြစ်။ ဒါပေမယ့် စိတ်မကောင်းတော့ဖြစ်မိသည်။
သူ့ဘက်ကပဲအစိုးရိမ်လွန်ပြီး လျှောက်တွေးနေတာလားမသိပေမယ့် ဒီလိုတော့စိတ်ပူသင့်သည်လို့ထင်သည်။
၁ လလောက်နဲ့ဘာမှသိပ်ထူးခြားမှာမဟုတ်သေးပေမယ့် မာရှီဟို့ဘက်ကသူ့ကိုသူငယ်ချင်းထက်မပိုဘူးလို့ကိုခံစားနေရသည်။
အရင်ကထက်တော့ နည်းနည်းလေးပိုလာသလိုပဲလို့တွေးလိုက်တိုင်း တစ်ဖက်ကနေ 'ဟင် ကျောင်းတုန်းကအတိုင်းပါပဲလား'လို့ ပြန်တွေးမိပြန်သည်။
ပုံမှန်ဆိုဒီတိုင်းကနေ တစ်ဆင့်ချင်းတက်ဖို့သာရှိပေမယ့် အစ်ကိုပြန်လာတဲ့အချိန်ကစပြီး ရင်တွေစပူလာမိသည်။
မပူလို့ရနိုင်သေးလား....အစ်ကိုက မာရှီ့ကိုသဘောကျဖူးတဲ့သူ....
အခုအချိန်မှာမကြိုက်တော့ဘူးလို့သာပြောပေမယ့်..အစ်ကို့စိတ်ကိုသိတဲ့ညီတစ်ယောက်အနေနဲ့ အစ်ကို့ဘက်ကလုံးဝစိတ်ပိုင်းဖြတ်နိုင်မှာမဟုတ်ဘူးလို့ ထင်ထားသည်။
စိတ်အပူဆုံးကတော့ တစ်လပြည့်သွားတာတောင် အခုထိ နှစ်ယောက်သားမနမ်းဖူးသေးတာပါပဲ....ပါးလေးကိုသာ ရွှတ်ခနဲနမ်းဖူးပေမယ့် နှုတ်ခမ်းဖျားကိုတော့တစ်ခါမှတောင်မထိဖူးသေး။
ဒါပေမယ့် ဒီနေ့လို တစ်လပြည့်တဲ့နေ့မှာတော့ တစ်ခုခုထူးခြားရမယ်လို့ တွေးထားရင်းနဲ့ပဲ မာရှီဟို့အိမ်ရှေ့မှာ ရပ်စောင့်နေလိုက်သည်။
နွေဦးမှာပွင့်ဖူးကြတဲ့ တရုတ်ဆီးသီးပွင့်လေးတွေကတော့ အားမလျှော့စတမ်းပွင့်နေတုန်း။ လေတစ်ချက်တိုက်လိုက်တော့ ပန်းပွင့်ဖတ်လေးတွေက ဝဲလွင့်လာသည်။ ခြံတံခါးလည်းပွင့်လာသည်။
'ရောက်နေပြီပဲ'
မာရှီဟိုကတံခါးပြန်ပိတ်ရင်း ဂျွန်ခယူ့ကိုပြောလိုက်သည်။
'ဒါပေါ့ ငါ့ကိုစောင့်နေရမှာစိုးလို့ ငါအရင်စောပြီးအောင်လုပ်ပြီးစောင့်နေတာ'
ညကမှဂျွန်ခယူက အင်္ကျီအတူတူဝတ်မယ်နော်ဆိုပြီး နားပူနားဆာလုပ်လွန်းတဲ့အတွက် မာရှီဟိုကလည်းသဘောတူလိုက်သည်။
YOU ARE READING
OMG! (mashikyu/mashihoon)