OMG 21 (unicode)

205 38 5
                                    

မာရှီ့ဆီကအဖြေရပြီးတဲ့နောက် ပထမဆုံးဒိတ်လုပ်ရမှာမို့ မနက် နေမထွက်ခင်ကတည်းက အူမြူးနေသည်။

တစ်ပတ်ကြာပြီးကာမှ နှစ်ယောက်လုံးအလုပ်ပိတ်သည့်နေ့တူသည့်အတွက် ဒီနေ့မှပဲ ဒိတ်ရတော့သည်။

ညကလည်း ချစ်သူရည်းစားတွေ ဒိတ်ရင်ဘာလုပ်ကြလဲဆိုပြီး ရှာကြည့်ထားသေးသည်။

ရုပ်ရှင်ကြည့်မယ်။

ထမင်းအတူစားမယ်။

ကော်ဖီသောက်မယ်။

ပန်းခြံထဲမှာစကားတွေပြောမယ်။

ကစားကွင်းမှာ အတူတူစီးရင်း ကစားကြမယ်။

အိမ်ကိုအတူတူလက်လျှောက်ပြန်မယ်။

ဒါတွေချည်းပဲ။

ဘာမှတော့မထူးဆန်းပေမယ့် ခံစားချက်ချင်းတော့ကွာမှာပေါ့လေ။ ကျိန်းသေလုပ်ကြည့်ရမယ့် အရာတွေပေါ့။

ပိုက်ဆံအိတ်ထဲက ကတ်တွေ ပိုက်ဆံတွေကို သေချာစစ်ကြည့်လိုက်သည်။

အလုံအလောက်ထည့်ထားပြီဆိုတာသေချာမှ အနွေးထည်ထဲကိုထည့်လိုက်သည်။

သူ့အခန်းထဲကနေတော့ မာရှီ့ကိုလှမ်းမမြင်ရပေမယ့် လမ်းမပေါ်ကိုတော့ မြင်ရသည်။

နေရောင်ခြည်နွေးနွေးလေးကတော့ ဆိုးလ်တစ်မြို့လုံးကိုဖြန့်ကျက်ပြီးသားဖြစ်နေပြီ။

/ မာရှီ ပြီးပြီလား/

စာပို့ပြီးနောက် ချက်ချင်းပြန်စာရောက်လာသည်။

/ အင်း အခုပဲထွက်လာတော့မလို့...မင်းလည်းထွက်လာခဲ့တော့နော် /

ရက်စ်...လက်သီးလက်မောင်းတန်းပြီး သီချင်းညည်းရင်းအိမ်ပေါ်ထက်ကနေဆင်းလာလိုက်သည်။

'အာ..ခယူ..ဘယ်သွားမလို့လဲ..အလုပ်ပိတ်တုန်းနားတာမဟုတ်ဘူး'

'မာရှီနဲ့ အားတုန်းလျှောက်သွားမလို့လေ'

'သူကသွားချင်တာတော့မဟုတ်လောက်ဘူး..သားကအတင်းဆွဲခေါ်ထားတာမဟုတ်ဘူးလား'

အမေက ထမင်းပွဲပြင်ရင်း ဂျွန်ခယူ့ကိုနောက်လိုက်သည်။

'မဟုတ်ပါဘူးနော်..မာရှီကလည်းသွားမယ်လို့ပြောတာပါနော်'

OMG! (mashikyu/mashihoon)Where stories live. Discover now