OMG 10 (unicode)

261 46 25
                                    


ကုတင်ပေါ်တက်ပြီး အိပ်တော့မယ်လို့ ဦးဆူနေတာက ည ၁၀ နာရီကတည်းက။

ပြင်စရာရှိတာတွေပြင် စာလုပ်စရာရှိတာလုပ်ပြီး ပင်ပန်းလို့စောစောအိပ်ပါမယ်ဆိုကာမှ အိပ်လို့ကမပျော်။

ဒီကြားထဲညီဖြစ်သူနဲ့ဖုန်းပြောမိကာမှ ပိုဆိုးသွားသည်။

တစ်ယောက်ခန်းပဲရလို့ အိပ်ရာအပိုတောင်းပြီး အိပ်ရမယ်တဲ့။

ဒီလိုအခြေအနေ ဒီလိုအခွင့်အရေးမျိုးကို ဂျွန်ခယူကလက်လွှတ်ခံမှာတော့မဟုတ်။

နဂိုကတည်းကစွန့်လွှတ်ပြီးသားကို ဘာလို့ ဆက်ပြီးဆွဲကိုင်ထားတုန်းလဲ ဂျီဟွန်းရာ။

ဒီလိုစိတ်မပြတ်နိုင်ပုံမျိုးနဲ့ မင်းဘယ်လိုရှေ့ဆက်မှာလဲ။

အကြောင်းကတော့ တစ်ဖက်သတ်အချစ်ဖြစ်နေတာမို့လို့ပါပဲ။

တစ်ဖက်သူကမသိဘဲ တိတ်တိတ်လေးနဲ့ သူ့ကိုကြည့်ပြီး ပျော်ရွှင်နေရတာကိုက ချိုမြိန်သောအပြစ်ဒဏ်တစ်ခု။

သူရယ်နေရင် ကိုယ်လည်းရယ်ရပြီး သူငိုနေရင် ကိုယ်လည်းရင်ကွဲမတတ်ခံစားရတာမျိုး။

သူအားငယ်နေချိန်မှာ ခွန်အားဖြစ်ပေးပြီး သူအောင်မြင်သွားချိန်မှာလည်း လက်ခုပ်တီးပြီးအားပေးနေမယ့်သူမျိုး။

ဒါပေမယ့် သံယောဇဉ်ဆိုတာမျိုးက ဖြတ်တောက်ပစ်ဖို့ ခိုင်မာလွန်းသည်။

စဖြစ်တည်ကတည်းက ရော့ရော့ရဲရဲ ချည်နှောင်ခဲ့တာမျိုးမဟုတ်တာကြောင့် ကြိုးထုံးဖြည်ဖို့ကလည်းခက်ခဲလွန််းသည်။

တစ်ချိန်တည်းမှာပဲ စိတ်ကလည်းမပြတ်သားနိုင်မှုတွေများနေပြန်သည်။

ညီလေးကိုပျော်အောင်ထားရမယ် သူပျော်ရင်ရပြီဆိုတဲ့ စိတ်ကတစ်ဖက်...

ရှီဟို့ဘေးမှာအမြဲနေချင်လိုက်တာဆိုတဲ့ စိတ်ကတစ်ဖက်...

ဘယ်ညာလူးလှိမ်းနေရင်း အိပ်မပျော်မယ့်အတူတူ ကွန်ပျူတာဖွင့်ပြီး ဗီဒီယိုတွေပြန်ကြည့်လိုက်သည်။

နောက်နေ့မနက်မှပဲ ဒီလက်ကိုအပြစ်ကောင်းကောင်းပေးရတော့မည်။ ဖွင့်လိုက်မိတဲ့ ဗီဒီယိုက သူ့မွေးနေ့တုန်းက မာရှီဟို ပို့ပေးတဲ့ ဗီဒီယိုဖြစ်နေလို့။

OMG! (mashikyu/mashihoon)Where stories live. Discover now