ပန်းစည်းပေးပြီးဓာတ်ပုံအတူတူရိုက်ပြီးတဲ့နောက် ဆိုင်ကိုပြန်လာခဲ့သည်။
မှိုင်တွေငေးနေသော ဂျီဟွန်းကိုဆိုင်က ကိုယ်တော်လေးများက ရည်းစားပူမိနေတယ်လို့ထင်ချင်ထင်နေနိုင်သည်။
အမှန်တော့သူကိုယ်တိုင်လည်းပြတ်ပြတ်သားသားမဖြစ်သေး။
ရည်းစားကောင်မလေးတကယ်ရှိတာလည်းမဟုတ်ပါဘဲနဲ့ ရှိတယ်လို့လိမ်ပြောထားရသေးသည်။
အချစ်ကိုလည်းလိမ်ထားရသည်။ ဘဝကိုလည်းလိမ်ထားရသည်။
ညီ့ကိုလည်းလိမ်ထားရသည်။ ကိုယ်ချစ်ရတဲ့သူကိုလည်းလိမ်ထားရသည်။
မြန်နိုင်သလောက်မြန်မြန်ထွက်နိုင်ဖို့ပြင်ရင်းကနေ ၃ လကျော် ၄ လစွန်းစွန်းထဲရောက်တော့ ၂ ပတ်ကြိုစောသွားဖို့ပြင်နိုင်ခဲ့သည်။
သေချာတာကတော့ ဒီတစ်ပတ်ပြီး နောက်တစ်ပတ်ဆို ဂျပန်နိုင်ငံမှာ တစ်ကိုယ်တည်းအလုပ်လုပ်ရင်းဘဝဆက်ရတော့မည်။
ဒါပေမယ့် ဒီနေ့မှ ဘဝထဲမှာလေပြင်းမုန်တိုင်းတိုက်နေသယောင်။ လေဆင်နှာမောင်းဝင်မွှေထားပြီးနောက် ပြန့်ကျဲနေတဲ့အပိုင်းအစတွေကို လိုက်ကောက်ချင်စိတ်မရှိတော့တဲ့ လူတစ်ယောက်ကိုယောင်ချာချာလုပ်နေမိသည်။
ဒီလိုလုပ်ပေးနေမိတာ ညီလေးအတွက်ကြောင့်လား?
ဒါမှမဟုတ် ကိုယ့်အကျိုးအတွက်ပဲလား?
ဒါမှမဟုတ် ချစ်ရတဲ့သူအတွက်လား?
ဒါမှမဟုတ် ဒါတွေအကုန်လုံးကဆင်ခြေတွေပဲလား?
'ဟူး...'
'သက်ပြင်းတွေချလိုက်တာအစ်ကိုရာ'
ဂျောင်ဟွမ်းက စားပွဲပေါ်ကော်ဖီခွက်လာတင်ပေးရင်း ပြောလိုက်သည်။
'ကျယ်သွားလား'
'ကျယ်တာထက် ဆက်တိုက်ကိုတဟင်းဟင်းနဲ့ချနေတော့ ဘာများဖြစ်လို့လဲဆိုပြီးစိတ်ပူနေတာ'
'ဒါနဲ့အစ်ကိုသွားမှာနောက်တစ်ပတ်နောက်။ လွမ်းရတော့မှာပဲအစ်ကိုရာ။'
ဒိုယောင်းကလည်းဝင်ထောက်သည်။ တကယ်လည်းစိတ်မကောင်းဖြစ်နေတဲ့ပုံ။
YOU ARE READING
OMG! (mashikyu/mashihoon)