မျက်နှာသစ်တိုင်း ညာဘက်လက် လက်သူကြွယ်က လက်စွပ်အမဲရောင်လေးကိုကြည့်မိသည်။
ထမင်းစားပြီး ပန်းကန်ဆေးပြန်ရင်လည်း လက်စွပ်ကိုကြည့်မိပြန်သည်။
လက်တော့မှာစာရိုက်နေရင်လည်း ထိုလက်စွပ်ဆီအကြည့်ကမပြတ်။
သံယောဇဉ်တွေပိုခိုင်မြဲစေရမယ်ဆိုတဲ့ အဓိပ္ပါယ်တဲ့။
အိမ်ကအမေရဲ့စေလွှတ်ချက်နဲ့ ထမင်းချိုင့်ကိုဆွဲပြီး အစ်ကိုဂျီဟွန်းရဲ့ ဆိုင်ကိုလာနေသည်။
ဆိုင်ရှေ့ရောက်တော့ လက်စွပ်ကိုကြည့်မိပြန်သည်။
ဆိုင်ထဲကိုဝင်သွားပြီး ဝန်ထမ်းအစ်မတွေကိုနှုတ်ဆက်လိုက်သည်။
'ရှီဟို လာပြီလား'
'ဟုတ် နူးနား...အစ်ကိုရှိတယ်မလား'
'အင်း ရှိတယ် တက်သွားလိုက်'
'ဟုတ်ကဲ့'
အပေါ်တက်သွားတော့ service ဌာမှာ လာပြတဲ့လူတွေမှအများကြီး။
မာရှီဟိုအတွက်ထိုင်စရာနေရာရှာဖို့နေနေသာသာ လမ်းလျှောက်တိုးပြီးလျှောက်သွားလို့မရ။
ကောင်တာကအစ်မကမြင်သွားတော့ သူတို့အနောက်မှာလာထိုင်နေဖို့ လက်ယက်ခေါ်သည်။
မာရှီဟိုကလည်း လူတွေကြားထဲထိုးပြီး ကောင်တာနောက်မှာ ပိုက်ဆံရှင်းပေးမယ့်လူလိုလိုနဲ့ ရောရောင်ပြီး ဝင်ထိုင်နေလိုက်သည်။
အမေလုပ်ပေးလိုက်တာက ဂင်ချီထမင်းကြော်ပူပူလေးမို့ အေးမသွားအောင်လို့ ထုတ်ထားတဲ့ အဝတ်စကိုပိုတင်းတင်းကျပ်ကျပ်ဖြစ်အောင်စည်းလိုက်သည်။
'ရှီဟို အတော်ပဲ'
အစ်မတစ်ယောက်က စာရွက်တစ်ထပ်ကြီးယူလာပြီး မာရှီဟို့ကိုတွေ့တော့ ရွှေထုတ်ကောက်ရသလိုအပြုံးမျိုးနဲ့ ပြုံးပြုံးကြီးလာပြောသည်။
'အစ်မကိုကောင်တာလေး ခဏထိုင်ပေးပါလားဟင် ... သူတစ်ယောက်တည်းနဲ့နိုင်မှာမဟုတ်ဘူး'
'ဟုတ် ရတယ် နူးနား'
ဘေးမှာထိုင်နေတဲ့အစ်မက လုပ်ရမှာတွေပြောပြနေတော့ သေချာလိုက်ကြည့်ပြီး မာရှီဟိုလည်း စေတနာ့ဝန်ထမ်းကောင်တာထိုင်ပေးလိုက်ရတော့သည်။
YOU ARE READING
OMG! (mashikyu/mashihoon)