'အစ်ကို ... အစ်ကို'
' ဟေ ဘာလဲ'
စာလုပ်နေတဲ့ ဂျီဟွန်းနားကို အရုပ်ကလေးကိုင်ပြီးပြေးလာသူက ဂျွန်ခယူ။
'ဘေးအိမ်မှာ လူသစ်တွေပြောင်းလာပြီသိလား'
'ဟုတ်လား'
ဂျွန်ခယူရဲ့အမေးကို ပြန်ဖြေလိုက်ပြီး သင်္ချာဆက်တွက်နေလိုက်သည်။
ဂျွန်ခယူကတော့ ဂျီဟွန်းရဲ့ကုတင်ပေါ်ကနေ ဟိုဘက်အိမ်ကိုချောင်းကြည့်နေသည်။
ခြံကျယ်ကျယ်နဲ့အိမ်တွေမို့ တစ်ဖက်အိမ်ကလှမ်းကြည့်ရင် တစ်ဖက်ရဲ့အိမ်ကိုလည်း အတိုင်းသားမြင်နေရသည်။
'အစ်ကို အစ်ကို ကောင်လေးတစ်ယောက်လည်းပါတယ်သိလား'
'ဟုတ်လား ဘယ်အရွယ်လောက်ရှိလဲ'
'သိပူး...သားအရွယ်လောက်ပဲထင်တယ်'
'မင်းအဖော်ရသွားတာပေါ့'
'ဟေး......ပျော်လိုက်တာ' ဂျွန်ခယူက လက်ထဲကအရုပ်ကိုလေပေါ်မြှောက်လိုက် ပြန်ဖမ်းလိုက်လုပ်နေသည်။
ထိုအချိန်တစ်ဖက်အိမ်ကကောင်လေးက အိမ်ရှေ့မှာယောင်လည်လည်နဲ့ ဟိုကြည့်ဒီကြည့်လုပ်နေသည်။
ထို့နောက် တစ်ဖက်ပြတင်းပေါက်မှာခေါင်းပြူကြည့်နေတဲ့ ဂျွန်ခယူ့ကိုတွေ့လိုက်သည်။
ဂျွန်ခယူကလည်း သူ့ကိုထိုကောင်လေးကြည့်နေမှန်းသိ၍ လက်ပြလိုက်သည်။
အိမ်ရှေ့ကအနှီကောင်လေးကလည်း သူ့ကိုလက်ပြန်ပြသည်။
'အစ်ကို သူကျွန်တော့်ကိုလက်ပြန်ပြတယ်'
'ဟုတ်လား..စကားသွားပြောကြည့်ပြီး သူငယ်ချင်းလုပ်လိုက်လေ'
'သွားပြီ'
ဂျီဟွန်းက အရုပ်လေးကိုင်ပြီးပြေးသွားသော ညီဖြစ်သူ ဂျွန်ခယူ့ကိုကြည့်ပြီး ခေါင်းခါလိုက်သည်။
ရွယ်တူအဖော်မရှိ၍ပျင်းနေသော ညီဖြစ်သူ အဖော်ရလည်းအေးရော ဆိုပြီးလွှတ်ပေးလိုက်သည်။
မဟုတ်ရင် သူ့အနားမှာပဲ တဝဲလည်လည်နဲ့လေ။
မာရှီတို့အိမ်ပြောင်းလာပြီး တစ်ပတ်ပြည့်သည့်နေ့။
YOU ARE READING
OMG! (mashikyu/mashihoon)