မျက်လုံးကိုနေထိုးနေပြီမို့ မျက်မှောက်ကျုံ့ပြီး ထထိုင်လိုက်သည်။
၁၀ နာရီခွဲ...
'သေစမ်း...ငါနောက်ကျနေပြီ'
ကုတင်ပေါ်ကနေအလူးအလဲထားပြီး ရေချိုးခန်းထဲပြေးဖို့ပြင်ပြီးကာမှ အလုပ်သင်ကာသလအပြီး ၂ ပတ်ခွင့်ပေးထားတာကိုမေ့သွားသည်။
၃ လလောက်နေ့စဉ်လုပ်ခဲ့ရတဲ့ အကျင့်တစ်ခုကဖျောက်ဖျက်ဖို့ရာခက်သား...
ဒီလိုဆို နေ့တိုင်းလုပ်နေကြ အကျင့်တစ်ခုကရော....
နောက်ကျသွားခဲ့ပါပြီ... ပြတင်းပေါက်ကိုဖွင့်ခဲ့ပြီးသားဖြစ်နေပြီလေ...
အစ်ကိုကတော့ ပုံမှန်အတိုင်း သူ့ပြတင်းပေါက်ကိုပိတ်ထားဆဲပါပဲ။ ၁၀ ခွဲဆိုတော့ ဆိုင်သွားပြီပေါ့...
'အခုဆို ငါ့ကိုတွေ့ချင်မှာတောင်မဟုတ်ပါဘူး...အကုန်လုံးလည်းသိသွားပြီဆိုတော့..ငါ့ကိုမုန်းတောင်မုန်းသွားမှာပဲ'
ပြတင်းပေါက်ပေါ်မေးထောက်ရင်း တစ်ဖက်ကိုလှမ်းငေးနေမိသည်။
'အဓိကက ဂျွန်ခယူမသိရင်ပြီးတာပါပဲ...သူငါ့ကိုဖွင့်မပြောအောင်ဘယ်လိုလုပ်ရမလဲ'
ငယ်ငယ်ကတည်းက ပေါင်းသင်းခဲ့တဲ့ညီအစ်ကိုလိုခင်ရတဲ့သူငယ်ချင်းမို့ လက်လွှတ်မခံချင်။
အဖြူရောင်ချစ်ခြင်းနဲ့ခင်မင်ရသူမို့ ဂျွန်ခယူ့ကိုတော့သူ့လိုမခံစားစေချင်။
'ငါတောင်းပန်ပါတယ် ဂျွန်ခယူရာ...မင်းကိုမချစ်ခဲ့မိတဲ့ငါ့ကို ဘယ်လိုစိမ်းကားသွားအောင်လုပ်ရပါ့မလဲ'
'ဒီအတိုင်းဆိုရင် ငါတို့ ၃ ယောက်က အရင်အတိုင်းပြန်နေနိုင်ကြပါဦးမလား...'
စဉ်းစားနေရင်း ရုတ်တရက်ဆိုသလို အစ်ကို့အခန်းကပြတင်းပေါက်က ပွင့်လာခဲ့သည်။
'ဟင်'
'အင်'
နှစ်ယောက်သားက မျက်နှာချင်းဆိုင်လျက်...
ပြတင်းပေါက်ကိုပြန်ပိတ်ရမလို..စကားပဲပြောရတော့မလိုနဲ့..တိတ်ဆိတ်နေကြသည်။
YOU ARE READING
OMG! (mashikyu/mashihoon)