နားကြားပဲမှားသလား..မူးနေလို့လျှောက်ပဲပြောသလား?
အမူးစကားနဲ့အရူးစကားကမှန်တယ်ဆိုပေမယ့် ဒီအမူးသမားလေးရဲ့စကားကိုတော့ ယုံကြည်ဖို့ရာခပ်ကြောက်ကြောက်။
'အစ်ကိုက တကယ် မကောင်းတဲ့သူ...ငါ့ကိုမချစ်ဘူး'
'ငါတစ်ယောက်တည်းကပဲ သူ့ကိုချစ်နေလို့ ခံစားရတာ အစ်ကိုကမကောင်းတဲ့သူ'
အစ်ကိုက မင်းကိုသိပ်ချစ်တာပေါ့ ကောင်လေးရယ်...ချစ်လွန်းလို့ ဘယ်သူ့ဆီမှမပါမခံနိုင်လို့ အတ္တကြီးနေရသူပါ။
ဘာလို့များ အစ်ကိုက မင်းကိုမချစ်ဘူးလို့ထင်ရက်ရတာလဲ။
မင်းကသာအစ်ကို့ကို အစ်ကိုတစ်ယောက်ထက်ပိုမချစ်တာမဟုတ်ဘူးလား....
သူ့ကိုမချစ်လို့ ဒီကိစ္စကိုမပြောဘူးလို့ ထင်သွားတဲ့အတွက် ဂျီဟွန်းတကယ်စိတ်မကောင်းဖြစ်သွားသည်။
'ဟုတ်သားပဲ...ငါ့ဘက်ကခံစားချက်ကသာ တစ်မျိုးဖြစ်နေလို့ အတွေးမတူတာဘဲ.. သူကတော့ ငါ့ကိုအစ်ကိုလိုပဲသဘောထားတာဆိုတော့...ဟုတ်တာပေါ့ ...ငါဒီလိုမတွေးမိခဲ့ဘူး'
ကုတင်ပေါ်ကိုကြည့်လိုက်တော့ မာရှီဟိုကနှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေပြီ။
မာရှီဟို့မျက်နှာကိုမြင်ရအောင် ကုတင်ရဲ့တစ်ဖက်ကိုသွားလိုက်ပြီး မျက်နှာချင်းဆိုင်ပြီးထိုင်ချလိုက်သည်။
ကုတင်ဘေးမှာ ဆောင့်ကြောင့်လေးထိုင်နေရင်း အိပ်ပျော်နေတဲ့ မာရှီဟို့ကို လွမ်းဆွတ်စွာကြည့်နေမိသည်။
အနားမှာရှိနေပေမယ့် ဘာလို့များ လွမ်းနေရပါလိမ့်။
မာရှီဟို့အနားမှာ ဂျီဟွန်းရှိနေတိုင်း အလွမ်းအငွေ့အသက်တွေက တစ်နည်းမဟုတ်တစ်နည်းနဲ့ရှိနေတတ်သည်။
'ချစ်လွန်းရင် မြင်နေရရင်လည်း လွမ်းရတယ်နဲ့တူတယ်နော်' တိုးတိုးလေးပြောလိုက်ရင်း မာရှီဟို့ရဲ့နှာခေါင်းထိပ်လေးကို လက်နဲ့တို့လိုက်သည်။
အိပ်ပျော်နေပေမယ့် အထိအတွေ့ကိုတော့ သိဟန်တူသည်။ မာရှီဟိုက နှာရှုံ့လိုက်ပြီး မျက်မှောင်ကျုံ့လိုက်သည်။
YOU ARE READING
OMG! (mashikyu/mashihoon)