OMG 20 (zawgyi)

50 11 0
                                    


'ငါတို့နှစ်ယောက်က အုစုဇုမိ ဆာကူရာပန်းလေးတွေလိုနေကြမယ်။ အုစုဇုမိ ဆာကူရာပန်းတွေဆိုတာ အရမ်းကိုအဖိုးတန်တဲ့ ချယ်ရီပန်းလေးတွေတဲ့။

အုစုဇုမီ ချယ်ရီပန်းလေးတွေက အဖူးအရွယ်မှာတုန်းက ပန်းရောင်လေးတွေဖြစ်ပြီးတော့ ပွင့်သွားတဲ့အခါမှာ အဖြူရောင်သန်းသွားကြတယ်။ အဲ့နောက် ပွင့်ဖတ်တွေ ပိုပြန့်လာလေလေ အဖြူရောင်ဘက်ပိုသန်းလေလေ နဲ့ ပွင့်သွားလေလေ ပိုလှလာလေလေပဲတဲ့။

အဲ့လိုမျိုး ချယ်ရီပန်းရာသီမှာ ဖူးချိန်ကနေ ပွင့်ဖတ်တွေကြွေသွားတဲ့အချိန်အထိ အရောင်အမျိုးမျိုးနဲ့ လှအောင်ဖန်ဆင်းပေးတဲ့အတွက် အုစုဇုမိ ဆာကူရာပန်းတွေက အရမ်းတန်ဖိုးရှိတယ်တဲ့..... အဲ့တာကြောင့် မင်းနဲ့ငါလည်း ဒီဆာကူရာပန်းလေးလို နေကြမယ်နော်'

'ခွီးးး'

မာရှီဟိုက စာဖတ်ပြီး မအောင့်နိုင်တော့ဘဲ ရယ်ချလိုက်သည်။

'ဒီကောင် ဇာတ်လမ်းထဲက စာသားကြီးကို ဒီတိုင်းကူးချထားတယ်...ငါကမသိမှာကျနေတာပဲ'

စာသားကအစ လေသံကအဆုံး ဇာတ်ကားထဲက မင်းသားအတိုင်းပဲ။

/ဟုတ်ပါပြီ ဂျပန်ကား ပရိသတ်ကြီးရေ အပိုင်း ၁ ပဲကြည့်ရသေးတာမလား... အဲ့စကားက အပိုင်း ၁ မှာပါတာနော်/

ဂျွန်ခယူ့ကိုစာပြန်ပို့ပြီး အလုပ်ဆက်လုပ်နေလိုက်သည်။

အလုပ်လေးခဏမအားလိုက်နဲ့ သတိရတိုင်း စာပို့နေတတ်သည်။

ပို့သမျှစာတွေကလည်း သူကြည့်ထားသမျှ ဂျပန်ကားထဲက ကောင်းနိုးရာရာ စကားတွေ..

မာရှီဟိုကဂျပန်ကားတွေကြိုက်တယ်ဆိုတာနဲ့ တွေ့တိုင်းပြောစရာစကားရအောင် ဂျွန်ခယူ့ခမျာ ညတိုင်း ဂျပန်ကားတွေထိုင်ကြည့်နေရသည်။

အခုလည်း 'watashitachi ha doukashiteiru' ဆိုတဲ့ ဂျပန်ကားကို အပိုင်း ၁ ပဲကြည့်ရသေးပြီး အထဲကပါတဲ့စကားတွေကို စာလာပို့နေသည်။

တော်ကြာ အဲ့ကားထဲကလို မုန့်တွေလုပ်ပြီး လာပို့ပေးနေရင် ဒုက္ခ။

OMG! (mashikyu/mashihoon)Where stories live. Discover now