နှစ်ယောက်လုံးကသာဘာမှမဖြစ်ဘူးလို့ပြောကြပေမယ့် နှစ်ယောက်သားကတွေ့လိုက်တာနဲ့ ပြုံးပြရုံကမလွဲဘာမှမလုပ်ကြ။
မျက်နှာချင်းဆိုင် ပက်ပင်းဝင်တိုက်တောင် 'ဪ' တစ်လုံးကလွဲပြီး ထွက်မလာတဲ့ မာရှီ့ကိုရော 'အာ' တစ်လုံးကလွဲပြီးထွက်မလာတဲ့ အစ်ကို့ကိုရော ခေါင်းချင်းတိုက်ပလိုက်ချင်နေပြီ။
ဒီမှာ ဘယ်လိုဖွင့်ပြောရမလဲလို့ စိတ်အိုက်နေပါတယ်ဆိုမှ သူတို့နှစ်ယောက်ပြဿနာက ဝင်လာပြန်ပြီ။
ဒီလိုနှစ်ယောက်ကြားမှာ ပဲလှော်ကြားညပ်သလိုညပ်နေတာ နှစ်ပတ်နဲ့ ၂ ရက်တိတ်ရှိပြီ။
ပုံမှန်ဆိုအလုပ်ပိတ်ရက်တိုင်း အစ်ကို့ဆိုင်ကိုသွားနေကြ မာရှီကလည်း မသွားတော့။
ဒီနေ့စနေနေ့... အစ်ကို့ဆိုင်ကိုသွားရအောင်လို့ မာရှီ့ကိုလာခေါ်တာ... ဒါပေမယ့်...
'မာရှီ..ငါ့ကို အမေက မုန့်သွားပို့ခိုင်းလို့ကွာ..နော်...လိုက်ခဲ့လို့'
'အရင်လည်း မင်းတစ်ယောက်တည်းပဲ သွားနေကြဟာကို....အခုမှဘာလို့ငါ့ကိုလာခေါ်နေတာလဲ'
'ပျင်းလို့လေကွာ...အလုပ်ပိတ်တုန်း လွတ်လွတ်လပ်လပ်လေရှူကြတာပေါ့ .. အခန်းထဲမှာပဲ အောင်းမနေနဲ့လေ..သွားရအောင်နော်'
ဂျွန်ခယူက မာရှီဟို့လက်မောင်းကိုဆွဲပြီး ချွဲလိုက်သည်။
'ထူးထူးဆန်းဆန်းတွေ လာလုပ်နေတယ် အသည်းယားလိုက်တာ.. ဖယ်စမ်းပါကွ'
မာရှီဟိုကဂိမ်းဆော့နေရင်း တံတောင်နဲ့တွန်းလိုက်သည်။
'မဆော့နဲ့တော့လို့ တစ်ပတ်လုံးလည်း ကွန်ပျူတာကြည့်ပြီး အလုပ်လုပ်နေရတာ ပိတ်လိုက်တော့'
ဂျွန်ခယူက မာရှီဟို့ဖုန်းကိုလက်နဲ့ကာလိုက်သည်။
ဒါပေမယ့်လည်း မာရှီဟိုက လက်ကိုမြှောက်ပြီး ကျောပေးရင်းဆက်ဆော့နေသည်။
'နဲ~~~~~မာရှီ...သွားရအောင်လို့နော်' မာရှီဟိုရဲ့ပုခုံးပေါ် မေးတင်ပြီး ထပ်ချွဲလိုက်ပြန်သည်။
'အာ..ဂိမ်းမနိုင်ရတဲ့အထဲ...မင်းကတစ်မှောင့်ကွာ'
'ရှူံးသွားပြီလား..အိုကေ အဲ့တာဆို လိုက်ခဲ့တော့..လာ'
YOU ARE READING
OMG! (mashikyu/mashihoon)