အတိတ်မှာဖြစ်ခဲ့သမျှပြဿနာပေါင်းစုံကို ဒီနေ့ည တစ်ညတည်းနဲ့ အပြီးဖြတ်မယ်ဆိုတဲ့သဘောနဲ့ အားတင်းပြီး အဝတ်ဗီရိုထဲက အဝါဖျော့ရောင် ရှပ်တစ်ထည်ကိုဆွဲထုတ်လိုက်သည်။
အရှေ့ဘက်မှာတော့ ညာဘက်ထောင့်နားမှာ My treasure ဆိုတဲ့စာသားကို ရွှေချည်ထိုးပြီး ထင်းနေအောင်ရေးထားသည်။
ဘောင်းဘီကိုတော့ ဒူးနားမှာ ဖြဲထားသည့်ဂျင်းအပျော့သား ကိုရွေးဝတ်လိုက်သည်။
အင်္ကျီဝတ်နေတုန်း ဖုန်းက အသံပိတ်ထားသည့်အတွက် တဝီဝီနဲ့သာ မြည်နေသည်။
'အေး ဟျောင်ဆော့ ရခဲ့လား'
'ရတယ် မောင်ရင်ရေ ကျွန်တော်ဘယ်လာပေးရမလဲဗျ'
ဟျောင်ဆော့ရဲ့ ရွဲ့ပြောတဲ့အသံကို ဂျီဟွန်းကသဘောတကျနဲ့ရယ်လိုက်သည်။
'လာမပေးနဲ့ မြင်သွားဦးမယ်..မင်းအခုဘယ်မှာလဲ'
'မင်းဆိုင်ရှေ့မှာလေ..ငါကမင်းဆိုင်မှာထင်လို့'
'ကားပါလား'
'အင်း ပါတယ်'
'အိုကေ အဲ့တာဆို ကားထဲမှာစောင့်နေ ငါလာခဲ့မယ်'
၈ နာရီချိန်းထားတာဆိုပေမယ့် ၆ နာရီကတည်းက အကုန်ပြင်ဆင်ပြီးသား။
အဆင်သင့်ဖွင့်ထားခဲ့တဲ့ ပြတင်းပေါက်ကနေ တစ်ဖက်အိမ်က မာရှီဟို့အခန်းကို မသိမသာ လှမ်းကြည့်လိုက်သေးသည်။
ကောင်လေးရဲ့ပြတင်းပေါက်ကတော့ ပိတ်ထားလျက်။
ပိတ်ထားတဲ့ပြတင်းပေါက်ကို ၁ မိနစ်လောက် ငေးကြည့်လိုက်သေးသည်။ မှန်နောက်က လိုက်ကာစ ခရမ်းရောင်လေးကိုသာလှမ်းမြင်နေရပေမယ့် အခန်းထဲမှာ သူများရှိနေမလားဆိုတဲ့ ခံစားချက်က ရင်ခုန်စေသည်။
အပြင်ထွက်ခါနီးတော့ ပြတင်းပေါက်ကိုတမင် ဖွင့်လျက်သားထားခဲ့လိုက်သည်။
လေအဝှေ့မှာ ပန်းပွင့်လေးများ အခန်းထဲကို ဝေ့ဝဲဝင်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့..
ဆိုင်ရှေ့ရောက်တော့ လမ်းတစ်ဖက်မှာ ရပ်ထားတဲ့ဟျောင်ဆော့ကားဆီ သွားလိုက်ပြီး တံခါးမှန်ခေါက်လိုက်သည်။
YOU ARE READING
OMG! (mashikyu/mashihoon)