'အစ်ကိုတွေများ ညီကိုတော်တော်ချစ်တဲ့ပုံပဲနော်.. ညကြီးမင်းကြီးကိုလိုက်လာကြတာ'
မစ္စတာ ဆုဂဲရဲ့ဇနီးက ပေါင်မုန့်ကို မုန့်ဖုတ်စက်ထဲကနေထုတ်ရင်းနဲ့ပြောလိုက်သည်။
မာရှီဟိုက ကိတ်မုန့်ကို ခရင်သုတ်နေရင်း ပြုံးနေသည်။
'မှောင်နေတော့ စိတ်ပူလို့ပါ..ပြီးတော့..သူစိမ်း..'
ဂျီဟွန်းက ဂျွန်ခယူကို တံတောင်နဲ့တွန်းလိုက်တာမို့ စကားပြောနေရင်းရပ်သွားသည်။
'သူက တစ်ခါမှ ဒီလောက်ညနက်တဲ့အထိ မနေဖူးတာနဲ့ စုံစမ်းပြီးလာလိုက်တာပါ။ ကျွန်တော်တို့ကြောင့် အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ဗျ'
ဂျီဟွန်းက ပြောလိုက်တော့ အန်တီကြီးက ရပါတယ် ဆိုပြီးပြန်ပြောသည်။
ဖြစ်ကြောင်းကုန်စင်ကတော့ စောစောက မာရှီဟိုပြောပြီးလို့သိပြီးပြီ။ မစ္စတာဆုဂဲတို့ ဇနီးမောင်နှံက မာရှီဟို့အမေရဲ့ အသိဖြစ်နေသည်။ အဲ့တာနဲ့ပဲ စကားတွေပြောကြရင်း ဟင်းချက်ဝါသနာပါတဲ့ မာရှီဟိုနဲ့ သားသမီးမရှိတဲ့ မစ္စဆုဂဲနဲ့သွားတွေ့တော့ တစ်ညလောက် ဒီအိမ်မှာအိပ်ဖို့စီစဉ်လိုက်သည်။
မာရှီဟို့အိမ်ကတော့ မစ္စဆုဂဲ ဖုန်းဆက်လိုက်လို့သိပြီးပြီ။ ဘာမှမသိတဲ့ဟောဒီက ညီအစ်ကိုနှစ်ယောက်ကတော့ ပြာယာခတ်ပြီးရောက်လာရင်းအခုတော့ မုန့်နှစ်နယ်နေရပြီ။
'မာရှီဒီလောက်ဆိုရပြီလား'
ဂျွန်ခယူက မာရှီဟိုပြလိုက်တော့ မာရှီက ခရစ်အိတ်ကိုကိုင်ရင်း တစ်ဖက်ကိုစောင်းကြည့်ပေးသည်။
'အင်းရပြီ..ဒီတိုင်းထားလိုက်တော့'
မာရှီဟိုကရပြီဆိုတော့ ဂျွန်ခယူက အကြောတွေဆန့်ပြီး အညောင်းဖြေလိုက်သည်။
'ပြီးသွားရင် ဒါလေး လာခေါက်ပေးပါဦး'
'ဟုတ်ကဲ့'
အညောင်းဖြေလို့မဝသေး ကြက်ဥ ၁၀ လုံးခေါက်ခိုင်းလို့ ခေါက်ဖို့ပြင်ရပြန်သည်။
'မနက်ဖြန်အတွက် အော်ဒါတွေများနေတာ လူများသွားတာနဲ့အတော်ကိုဖြစ်နေတာပဲ'
YOU ARE READING
OMG! (mashikyu/mashihoon)