ကျောင်းပိတ်တဲ့နေ့တိုင်း လုပ်နေကျက အစ်ကိုဂျီဟွန်းရဲ့ဆိုင်မှာသွားပြီး ယောင်ခြောက်ဆယ် သွားလုပ်တာ။
Assignment မှန်သမျှ အကုန်အမြန်ပြီးအောင်သိမ်းကျုံးလုပ်ပြီး အစ်ကို့ဆိုင်က အခန်းထောင့်မှာ တစ်နေ့လုံးသွားထိုင်နေတတ်တာ။
ဒီနေ့လည်း အရင်နေ့တွေကအတိုင်းလုပ်ဖို့ လက်တော့ကိုကျောပိုးအိတ်ထဲထည့်ပြီး အစ်ကိုဂျီဟွန်းနဲ့ဆိုင်ကိုသွားဖို့အိမ်အောက်ထပ်ကိုဆင်းလိုက်သည်။
'အိုကားဆန် သားသွားပြီနော်' ဖိနပ်ကြိုးချည်ရင်းအော်လိုက်သည်။
'နေဦး နေဦး ခဏလေး'
'နမ်းဒဲ?' (ဘာလို့လဲ)
'ရော့ ဒါက ဂျွန်ခယူ့ကိုဝင်ပေးလိုက်။ ဒါက ဂျီဟွန်းအတွက်'
အဝတ်နဲ့ထုတ်ပေးထားတဲ့ နေ့လယ်စာထမင်းဘူးနှစ်ဘူး။
'ဟိုက် အစ်တဲခိမက်စ်' (သွားပါတော့မယ်)
'အစ်တဲရရှိုက်' (ကောင်းကောင်းသွားနော်)
ဘေးချင်းကပ်လျက်က ဂျွန်ခယူ့အိမ်ကို သွားပြီး ဘဲတီးလိုက်သည်။
'ဒီကောင် ဘာလုပ်နေလို့ထွက်မလာသေးတာလဲ'
ထပ်တီးသော်လည်းအသံမကြား။
'တော်ပြီ ငါပဲဝင်သွားတော့မယ်' လျှို့ဝှက်နံပါတ်ကုတ်ကိုရိုက်ပြီး အိမ်တံခါးဖွင့်ပြီးဝင်သွားလိုက်သည်။
'ဂျွန်ခယူရေ....ကင်ဂျွန်ခယူ!!!!'
'အောာာ!!'
အခုမှအပေါ်ကနေအသည်းအသန်ပြေးဆင်းရင်း အသံကုန်အော်နေတော့သည်။
'ရော့ ငါ့အမေကမင်းကိုပေးခိုင်းလိုက်တာ...အင်္ကျီလေးဘာလေးဝတ်ဦး..အအေးပတ်ဦးမယ်'
ရေချိုးပြီး တဘက်တစ်ထည်ကိုယ်တစ်ခုနဲ့ပြေးဆင်းလာတာမို့ အဝတ်ဝတ်မလာခဲ့မိ။
'အခုမှရေချိုးခန်းထဲကထွက်လာတာကွ အောက်ကအသံကြားလို့ပြေးဆင်းလာတာ'
'အင်း အင်္ကျီမြန်မြန်ဝတ်နော် ခဏလေးအေးတာနဲ့ အအေးပတ်တတ်တဲ့သူက..ရေတောင်ခြောက်အောင်မသုတ်ရသေးဘူးမလား'
YOU ARE READING
OMG! (mashikyu/mashihoon)