ကွန်ပျူတာတစ်လုံးကို ပြင်ဖို့အကောင်းဆုံးနည်းလမ်းက factory reset ချတာ..
အရာအားလုံးကိုအစကနေ ပြန်စတင်ပြီး system တစ်ခုလုံးကို လိုရာပုံပြန်သွင်းလို့ရတဲ့ အလွယ်ကူဆုံးနည်း...
အချိန်တော့ကြာပေမယ့် အားလုံးက အသစ်အတိုင်းလိုဖြစ်သွားတာမို့ တန်ရာတန်ကြေးပေးပျော်သည့်လုပ်ငန်းစဉ်တစ်ခု...
အဲ့လိုမျိုးနဲ့ပဲ သူလည်း သူ့မှတ်ဉာဏ်တွေကို reset ချပစ်လိုက်ချင်သည်။
အရာအားလုံးကို ၁ ကနေပြန်စလို့ရအောင်....အရင်ကအတိုင်းပြန်နေလို့ရအောင်....ဒီကိစ္စတွေအကုန်လုံးကို မှတ်မိမနေအောင်...
' ဂျွန်ခယူ ဘာလုပ်နေတာလဲ'
ဂျီဟွန်းက အနားရောက်လာပြီးမေးမှ မျက်တောင်ပြန်ခတ်မိတော့သည်။
'ဪ laptop ကို reset ချမလို့...ကျွန်တော့်ဟာမဟုတ်ဘူး သူငယ်ချင်းဟာ'
'ဒါဖြင့်နှိပ်လိုက်တော့လေ reset လုပ်ရင် ကြာဦးမှာကို click မနှိပ်ဘဲ ငိုင်ငိုင်ကြီးထိုင်နေတယ်'
ဘာမှဆက်စဉ်းစားမနေတော့ဘဲ reset ကိုနှိပ်လိုက်သည်။
ဒီလိုသာလွယ်လွယ်ကူကူလုပ်လို့ရရင်ဘယ်လောက်ကောင်းလိုက်မလဲ။
'အစ်ကိုရော အကုန်ပြင်ဆင်ပြီးပြီလား'
'အင်း ကားထဲထည့်ထားလိုက်ပြီ။ သွားခါနီးမှထည့်နေရမှာစိုးလို့'
အစ်ကိုကတော့ အကုန်လုံးကို ထားခဲ့ပြီးထွက်သွားတော့မယ့်သူပုံစံကိုပေါက်နေပါပြီ။
ဂျီဟွန်းက ဂျွန်ခယူ့ကုတင်ပေါ်ကိုတက်ထိုင်လိုက်ပြီး..
'ဂျွန်ခယူ..ငါဒါနောက်ဆုံးပြောတာပါ..နောက်ဘယ်တော့မှထပ်မပြောတော့ဘူးလို့ကတိပေးတယ်..'
'အင်း ဘာလဲအစ်ကို'
ဂျွန်ခယူက ထိုင်ခုံကိုနောက်လှည့်လိုက်ပြီး ပြန်မေးလိုက်သည်။
'မင်း ရှီဟို့ကို ရအောင်သေချာကြိုးစားရမယ်နော်..တကယ်လို့...တကယ်လို့များပေါ့...မရခဲ့ရင်...ရှီဟိုကတစ်ခုခုဆိုရင် အစ်ကိုချက်ချင်းပြန်လာမှာ'
YOU ARE READING
OMG! (mashikyu/mashihoon)