'အစ်ကိုတို့နှစ်ယောက်ကတွဲနေကြတာလား'
ညီမလေးရဲ့အမေးမှာ နှစ်ယောက်လုံး လန့်သွားကြသည်။
ဟျောင်ဆော့ရဲ့ညီမလေး က သစ်သီးပန်းကန်လေးကိုတုန်တုန်ရီရီနဲ့ ကုတင်ပေါ်တင်လိုက်ရင်း သူ့အစ်ကိုအရှေ့မှာထိုင်ချလိုက်သည်။
'အစ်ကို ညီမလေးမေးတာဖြေဦးလေ'
အတည်ကြီးမေးနေတော့ ဂျီဟွန်းအသံထွက်အောင်ရယ်မိတော့သည်။
'မဟုတ်ပါဘူး ဘိုရာ ရယ်...မင်းကလည်း ပေါက်ပေါက်ရှာရှာ'
ဂျီဟွန်းက ရယ်ရင်းနဲ့ ဖြေရှင်းရသည်။
'အယ်..အစ်ကိုဂျီဟွန်းကပဲ ငြင်းနေတယ်နော်...အစ်ကိုကတော့ဘာမှမပြောပါလား...'
ဘိုရာ က သူ့အစ်ကိုကိုပုခုံးတွေတွန်းရင်း စသလိုနောက်သလိုနဲ့ ပြောလိုက်သည်။
ဂျီဟွန်းကလည်း ဟျောင်ဆော့ဆီက အဖြေကိုစောင့်နေသည်။ ဘာလို့ဆို ချောင်ပိတ်နေပြီလေ။
သူသာ 'အစ်ကိုက မင်းအစ်ကိုမကြိုက်ဘူး ရှီဟို့ကို ကြိုက်နေတာ' လို့ဖြေကြည့်ပါလား။
တောင်ကိုရီးယားတစ်နိုင်ငံလုံး ၅ မိနစ်အတွင်းပြန့်သွားနိုင်တယ်။
ဟျောင်ဆော့က ထိုင်နေရာကနေထလိုက်ပြီး
'ကဲ ညီမတော် ခရမ်းရောင်လေးရေ ... လူကြီးတွေဆွေးနွေးစရာရှိလို့ ကလေးတွေ အပြင်ထွက်တော့နော်'
လို့ပြောရင်း သူ့ညီမကို တံခါးထဲကနေဖြည်းဖြည်းချင်းတွန်းကာ အပြင်ကိုထွက်ခိုင်းလိုက်သည်။
ညီမလေးကတော့ အပြင်ကိုနှင်ထုတ်ခံလိုက်ရတာတောင် တဟီးဟီးနဲ့
ပြောလိုက်သေးသည်။
'ညီမလေး သဘောတူတယ်နော်..အစ်ကိုကအပေါ်ထပ်လား အောက်ထပ်လား' တဲ့။
'မင်းညီမလုပ်တာနဲ့ ငါလည်းစိတ်ညစ်ပြေသွားပြီ။ အိမ်ပြန်ပြီး ငါသေချာစဉ်းစားဦးမယ်။ မင်းကိုလည်းတစ်ခုခုတော့လုပ်ရဦးမယ်' ဂျီဟွန်းက ဟျောင်ဆော့ရဲ့ ပုခုံးကို ခပ်နာနာလေး ၃ ချက်လောက်ပုတ်လိုက်ပြီး ထလိုက်သည်။
YOU ARE READING
OMG! (mashikyu/mashihoon)