🍁101🍁

1.9K 222 1
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁101🍁

       ခရမ်းကြာနတ်ဘုရားက ဆက်၍ ဆို၏။

"ဧကရာဇ်....ကျွန်တော် အဆိပ်ဆက်မဖြန့်တော့ဘူးလို့ ကတိပေးပါတယ်... ဧကရာဇ်အနေနဲ့ ကျွန်တော့်ကိုတစ်ခုလောက် ပြန်ကူပေးနိုင်မလား..."
"ဘာများလဲ...."

"ကျွန်တော် ခန္ဓာအသစ် ပြန်တည်ဆောက်ချင်တယ်....ပြီးရင် ကျွန်တော့်သမီးနဲ့ အတူပြန်နေမယ်..."

       အရိုးကြေအဆိပ်ကြောင့် သေသွားခဲ့ရတဲ့ မော်ကျွင်းကို တစ်ချက်လှမ်းကြည့်ရသေးသည်။ ချူဝေ့ထုန်သည် မတိုင်ခင်က ခရမ်းကြာနတ်ဘုရားကို သတ်ဖြတ်ရန် ကြံရွယ်ထားသော်လည်း ခရမ်းကြာနတ်ဘုရား ကြံတွေ့ခဲ့ရတာတွေက သူနားလည်ပေးနိုင်တဲ့ အခြေအနေလေ။

       ပြီးတော့ ကျိုရိထင်းလည်း သူ့ဘေးနား ပြန်ရောက်နေပြီ။ ရန်ငြိုးပေါ် ရန်ငြိုးထပ်မှာတော့ သူမလိုချင်တော့ဘူး။ ထို့ကြောင့်သူသည် ကျိုရိထင်းအစား ဧကရာဇ်ကို ခေါင်းညိတ်ပြလိုက်လေသည်။

      သို့နှင့် ခရမ်းကြာနတ်ဘုရားသည် ခန္ဓာအသစ် ပြန်တည်ဆောက်ပြီး ဤလောကတွင် ဆက်နေဖို့အတွက် ခွင့်ပြုချက်ရသွားခဲ့သည်။ ဝိညာဥ်သည် အကြာကြီး ခန္ဓာနဲ့ဝေးကွာနေတာမို့ အင်အားကြီးသည့် ဝိညာဥ်သစ်ပင်ထဲတွင် ပြန်ကျင့်ကြံရန် လိုအပ်သည်။

      ထိုသစ်ပင်သည် ကောင်းကင်မြို့တော်တွင် တစ်ပင်သာရှိပြီး လနတ်ဘုရား၏နယ်မြေထဲတွင် ဖြစ်၏။

       ညီလာခံ ပြီးဆုံးသွားသောအခါ နတ်ဘုရားနဲ့ နတ်စစ်သည်များလည်း အသီးသီး ပြန်ထွက်သွားကြကုန်ပြီ။ နောက်ဆုံး လနတ်ဘုရားနဲ့ ဧကရာဇ်သာ ကျန်တော့သည်။

       ဧကရာဇ်က ထိုင်နေရာမှ ဖြည်းဖြည်းချင်းထ၍

"အစ်ကို ကျွန်တော်တို့လည်း ပြန်ရအောင်"
"ကောင်းပါပြီ...."

"လမ်းနည်းနည်းလျှောက်မယ်.... ထိုင်တာ နည်းနည်း ကြာသွားတယ်"
"ဒါဆို ခရမ်းကြာနတ်ဘုရားကို ခန္ဓာအသစ် ပြန်ပေးမယ့် ဝိညာဥ်သစ်ပင်ကို ခဏသွားကြည့်ကြမလား"

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Where stories live. Discover now