🍁95🍁

2K 236 8
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁95🍁

       ကျိုရိထင်းသည် နူးညံ့သော လက်ကလေးတစ်ဖက်ကို သူ့လက်ဝါးထဲ တင်းကျပ်စွာ ဆုပ်ကိုင်ထားပုံက ဒီနေရာက အမှန်တကယ်ပဲ ရောဂါအငွေ့အသက်တွေ လွှမ်းနေသေးတယ်ဆိုတာ သိနေလို့ပင် ​ဖြစ်မည်။

       တစ်ဖက်ရှိ ဟုန်မင်သည်လည်း ခရမ်းကြာနတ်မင်းကို အနားဆွဲကပ်ထား၏။ လခြမ်းသဏ္ဍာန် တံဆိပ်ပြားက အဆက်မပြတ် တောက်ပနေသည့်အပြင် နောက်ထပ်ဓားတစ်လတ်သည်လည်း ပြေးဝင်လာပြန်သည်။

       လနတ်ဘုရား၏ တံဆိပ်ပြားက တော်တော်လည်း အသုံးဝင်သား။ ဟုန်မင်သည် ထိုဓားကိုဖမ်းလျက် သိမ်းဆည်းထားလိုက်သည်။ ဤနေရာတွင် တိုးတိုးတိတ်တိတ် ကပ်ရောဂါဖြန့်ခဲ့သော နတ်ဘုရားတို့သည် သူတို့၏မှော်လက်နက်ကို အကာအကွယ်အနေဖြင့် ချခဲ့တာလား။

       တစ်ခုတော့ စဥ်းစားစရာပင်။ ဘယ်သူက ကိုယ့်ကိုခြေရာခံနိုင်တဲ့ မှော်လက်နက်တွေကို ထားခဲ့မှာတဲ့လဲ။ သေချာသလောက်ကတော့ ထိုသူက မှော်လက်နက်မှာ မန္တာန်တစ်ခုကပ်ထားခဲ့ပြီး ဝင်လာသူကိုတိုက်ခိုက်ရန် အမိန့်ပေးခဲ့ပုံပင်။ 

       နောက်ပြီး မှော်လက်နက်နဲ့ သူ့စွမ်းအင်ကို ဖြတ်တောက်လိုက်ရင် သူ့ကိုရှာမတွေ့နိုင်တော့ဘူးလေ။ ယိုယွင်းပျက်စီးနေသည့်ကြား သဲလွန်စလိုက်ရှာရင်း ကြာသွားခဲ့ပြီ။

"လက်ထောက်လျို့.... ဒါကဘာလဲ"

       ထို့ထို့သည် မြေကြီးထဲစိုက်ဝင်နေသည့် သစ်သားစလို အစွန်းတစ်ခုကို လက်ညှိုးထိုးပြ၏။ လျို့ရွယ်က ထိုနားသို့ အမြန်ပြေး၍ ကြည့်သည်။

       သူမက ဒူးညွှတ်ထိုင်လိုက်ပြီး လက်မလောက်သာ ရှိတော့သော အရာကို ထိတွေ့ကြည့်သည်။

"သတိထားအုံး....."

        လျို့ရွယ်သည် လက်ဝါးဖြင့် ထိုအစွန်းထွက်၏ဘေးကို ရိုက်လိုက်သည့်အခါတွင် မြေကြီး၏တုန်ခါမှုကြောင့် အစွန်းထွက်အရာလေးကလည်း တဆက်ဆက် တုန်ခါလာ၏။

       ထိုအခါ ဟုန်မင်က

"အဲ့ဒါ ဖြစ်ရပ်မှန်မှတ်တမ်းစာအုပ်ပဲ..."

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ