🍁44🍁

2.4K 294 0
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁44🍁

"သခင်....."
"အင်း.... ဘာကိစ္စလဲ.... "

"ကျွန်တော် စောစောက မူမမှန်တဲ့ လှုပ်ရှားမှုတစ်ချို့ကို တွေ့လိုက်တယ်.... သိမ်းငှက်မိစ္ဆာမ လူယောင်ဆောင်ပြီး ဒီထဲဝင်လာတာဖြစ်မယ်.... "
"အခုဘယ်မှာလဲ "

"ထွက်ပြေးသွားပြီ.... နတ်စစ်သူကြီးတစ်ယောက် တွေ့လို့ သူတို့တိုက်ခိုက်သေးတယ် ထင်တယ်... သူဘာလို့လာတယ်လို့ထင်လဲ "

      ချူဝေ့ထုန်က ထိုအကြောင်းကို စဥ်းစားနေဟန် တစ်လှမ်းနှစ်လှမ်းမျှ လျှောက်လိုက်သည်။ ပြန်တွေးကြည့်ရင်း သိမ်းငှက်မိစ္ဆာမက ခန္ဓာ အစစ်မရှိဘဲ တခြားသူရဲ့ခန္ဓာမှာ မှီခိုနေရတာကြောင့် စွမ်းအင်အလုံးစုံကို ထုတ်သုံးလို့ မရလောက်ပေ။

       ပထမတုန်းက သူသည် ဟုန်သခင်မရဲ့ ဝိညာဥ်ကို ဖြိုခွဲပစ်ပြီး ခန္ဓာကိုယ်ကို အပိုင်သိမ်းဖို့ ကြံစည်ခဲ့သည်။ သို့သော် ကံအကြောင်းမလှစွာဖြင့် သူဟုန်သခင်မကို မနိုင်ခဲ့ပေ။ ထို့ကြောင့် ဝိညာဥ်ကိုသာ ပိတ်လှောင်နိုင်ခဲ့သည်။

       ဟုန်သခင်မက အိမ်မက်ဝိညာဥ်ကို အသုံးပြုပြီး ခန္ဓာအသစ် တည်ဆောက်နေတာကို သူကိုယ်တိုင်လည်း သတိထားမိလိမ့်မည်။ ဟုန်သခင်မသာ ခန္ဓာအသစ်နဲ့ ဖောက်ထွက်လာပါက ခန္ဓာအဟောင်းသည် ပုပ်သိုးသွားမည် ဖြစ်သည်။

       ထို့ကြောင့် ခန္ဓာကိုယ်အသစ်ကို ရှာဖို့ သိမ်းငှက်မိစ္ဆာမက ပြန်လာခြင်း ဖြစ်ပေသည်။ ချူဝေ့ထုန် ထိုသို့ရှင်းပြတော့ နံရံကိုမှီလျက် လက်ပိုက်ရပ်နေသည့် ကျိုရိထင်းက ခေါင်းတဆက်ဆက် ညိတ်သည်။

"သစ်စေ့လေး.... တော်လာပြီ.... "

       ချူဝေ့ထုန်က ပြုံး၍

"ဘယ်ကလာ.... ဘယ်ကလာ.... ကျွန်တော်ကမော်ကျွင်းလောက် မသိသေးပါဘူး.... စန်းပေါင်... သူဘယ်ဘက်ကို ထွက်ပြေးသွားတာလဲ...."
"တောင်ဘက်ကို...."

"တောင်ဘက်နယ်မြေ.... သေချာပေါက် စစ်သူကြီးချွမ်နဲ့ ထိပ်တိုက်တွေ့မှာပဲ "

       ထိုစကားကိုတော့ ကျိုရိထင်းက ဝင်ပြောလိုက်ခြင်း ဖြစ်ပေသည်။ သိမ်းငှက်မိစ္ဆာမက အာဏာတပ်မတ်သူ၊ ရန်ငြိုးကြီးသူဟု သိထားကြ၏။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)حيث تعيش القصص. اكتشف الآن