🍁105🍁

1.9K 220 3
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁105🍁

        အရှေ့ပင်လယ်သို့ ရောက်သောအခါ ပင်လယ်ဘေးက ကျောက်လိုဏ်ဂူကြီး တစ်ခုထံသို့ ဝင်၍ လှည်းကိုရပ်လိုက်သည်။ လှည်းသွင်းရသူက မိစ္ဆာစစ်သူကြီး ရမ်းရွှမ်ပင်။

       ချူဝေ့ထုန် နဲ့ မုံ့ကျီက ပင်လယ်ကိုမြင်ကတည်းက ပြေးဆင်းသွားပြီ ဖြစ်တာကြောင့် ကျိုရိထင်းက ကလေးထိန်းနှယ် လိုက်ကြည့်နေရပြီ။ ပင်လယ်လေအေးအေးက သူတို့ရဲ့ပျော်နေတဲ့ စိတ်ကလေးကိုတော့ ယူမသွားနိုင်ပေ။

       လေဘယ်လောက်အေးအေး ထိုကလေးနှစ်ယောက်ကတော့ ရေစပ်တွင် ပတ်ပြေးနေကြဆဲ ဖြစ်သည်။

"အား.....သခင်လေး ပင်လယ်လေက ပိုပိုအေးလာသလိုပဲ"
"ဟုတ်လို့လား ငါတော့မအေးသလိုပဲ...."

        ဘယ်အေးပါ့မလဲ။ သူ့ရင်ဘက်က ဆွဲကြိုးလေးတစ်ကုံးက အပူဓာတ်တွေ သူ့ခန္ဓာကိုယ်ထဲထိ ပျံ့နေစေတာကို။ ချူဝေ့ထုန် ပြန်တွေးကြည့်လိုက်တော့ ဘာကြောင့်များ ဒီလောက်အေးတဲ့ ရာသီမှာမှ သူကပင်လယ်ဂဏန်းတွေ ကျောက်ပုဇွန်တွေ စားချင်ရတာလဲ။

        ဖမ်းတဲ့အခါ ကျောက်ပုဇွန်တွေ မစားရသေးဘဲ အေးခဲပြီး မလှုပ်နိုင်တော့မှဖြင့်။

"ကိုကို......"

        ကျယ်လောင်စွာ ခေါ်ရင်း အနောက်ကိုပြန်ပြေးသည်။

"အင်း....."
"ဒီလောက်အေးတာ ပင်လယ်ဂဏန်းတွေ တွင်းအောင်းနေလောက်ပြီ...."

"အင်း..... နေထွက်လာရင် ကျောက်တွေကြားထဲ လိုက်ရှာကြမယ်"
"အင်း.... အဲ့ဒါဆို အခုဂူထဲ ဝင်ရအောင်လေ"

"ကောင်းပါပြီ...."

'ရွှမ်း.....'

       စွမ်းအင်လှိုင်းတစ်ခု၏ သံစဥ်နှင့်အတူ ကောင်းကင်မြို့တော်မှ လူတစ်ယောက်က သူတို့နဲ့ မနီးမဝေးတွင် ပေါ်လာသည်။ ထိုအချိန် ရမ်းရွှမ်ကလည်း ဂူထဲမှ ထွက်လာရာ မုံ့ကျီက သူ့နောက်ကိုပြေးပုန်းလေ၏။

"စစ်သူကြီး.... ကောင်း ကောင်းကင်မြို့တော်က လူတွေ"
"မကြောက်နဲ့.... သူတို့က ငါတို့နဲ့ငြိမ်းချမ်းရေး ယူထားတာ မင်းသူတို့ကို ပြဿနာမရှာရင် ကိစ္စမရှိဘူး "

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Onde histórias criam vida. Descubra agora