🍁88🍁

1.8K 240 2
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁88🍁

       ကြောက်စိတ်တွေက သတ္တိဆိုတဲ့အရာကို အနိုင်ယူသွားတဲ့အခါ ချစ်ရသူဘေးမှာရှိနေလည်း နည်းနည်းလေးဖြစ်ဖြစ် ကြောက်မိတတ်သည်။ ခရမ်းကြာ နေ့စဥ်နေ့တိုင်း၊ တစ်နည်းပြောရရင် အချိန်တိုင်းလိုလိုပင် သူသည် မည်သို့မည်ပုံ မွေးဖွားလာကြောင်း စဥ်းစားနေမိသည်။

       ဟုန်မင်သည် တစ်ခါတလေ သူ့ကိုစကားပြော၍ ချော့မော့နိုင်သော်လည်း စစ်နတ်ဘုရား တာဝန်ကလည်း ရှိနေသေးတာမို့ တာဝန်ကိုလည်း လုပ်ရသေးသည်။ သို့သော် သူဘာလုပ်လုပ် ခရမ်းကြာလေးကိုတော့ ခေါ်သွားတတ်၏။

       ခရမ်းကြာသည် စားပွဲရှိ ဟုန်မင်အား မဝံ့မရဲလေးချောင်းကြည့်ကာ လေသံနိမ့်နိမ့်လေးဖြင့် ဆိုသည်။

"မင်မင်...."

       ဟုန်မင်က ခေါင်းမော့ကြည့်လာသည်။

"ဘာဖြစ်လို့လဲ ရှောင်ကော "
"ငါစိတ်ကြည်သွားအောင် စာကြည့်ဆောင်ကို ခဏသွားချင်လို့...."

"ကောင်းပြီ.... ကျွန်တော်အဖော်..."
"ဟင့်အင်း.... ရတယ်....စာကြည့်ဆောင်မှာလည်း လူတွေရှိတာပဲ... စိတ်မပူပါနဲ့... "

"အင်းပါ....ကျွန်တော်အလုပ်ပြီးရင် အနောက်ကနေ လိုက်ခဲ့မယ်"
"ကောင်းပါပြီ...."

       ခရမ်းကြာလေးသည် သူ့ရဲ့စစ်နတ်ဘုရားလေးကို အပြစ်ကင်းစွာ ပြုံးပြပြီး စာကြည့်ဆောင်ဆီသို့ ပျံသန်းလာခဲ့သည်။

       စာကြည့်ဆောင်မှာ သူရှာနေတဲ့အရာ ရှိပါစေ။

       တံခါးဖွင့်လိုက်တာနဲ့ မလာစဖူး လာနေပါလားဟူသော မျက်လုံးတွေက သူ့ဆီကိုရောက်လာသည်။ စပ်ဖြဲဖြဲလေး ပြန်လုပ်ပြပြီး စာကြည့်ဆောင်မှူး ငါးနတ်မင်းဆီသို့ ဦးတည်ပျံသန်းခဲ့၏။

       ငါးနတ်မင်းကတော့ သူ့ရိုးရားအတိုင်း စာရေးနေမြဲ။ ခရမ်းကြာသည် လက်နှစ်ဖက်ထပ်လျက် ဂါဝရပြု၍

"နတ်မင်း...."
"ဘာကိစ္စနဲ့ လာတာလဲ"

"နတ်မင်းကျွန်တော့်ကို တစ်ခုလောက် ကူညီပေးပါလား"
"ပြောပါ...."

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Donde viven las historias. Descúbrelo ahora