🍁34🍁

2.6K 323 6
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁34🍁

       ဟုန်အိမ်တော်တွင် အိမ်သား၊ အိမ်အစေခံများသည် သူတို့၏အသက်ကို တစ်စုံတစ်ယောက်က ချုပ်ကိုင်ထားပြီဆိုတာကို လုံးဝသတိမထားမိဘဲ နေမြဲတိုင်းသာ နေနေကြသည်။ သူတို့က ဟုန်သခင်မကို ယခင်အတိုင်း ချစ်ခင်လေးစားနေကြဆဲ။

       လေးစားစရာအောင်လည်း သူမက ဟန်ဆောင်ကောင်းသည်ကိုး။ မနက်စောစော မိစ္ဆာဆိုးရဲ့ အငွေ့အသက်တွေ ရနေတာကြောင့် ဟုန်မင်သည် သူ၏စိတ်စွမ်းအင်ဖြင့် ရှာဖွေကြည့်လိုက်သောအခါ ထင်ထားတဲ့အတိုင်း ဟုန်သခင်မ ရှိသည့်နေရာဘက်က ဖြစ်နေသည်။

       ဟုန်သခင်မ နန်းဆောင်တွင်။

"နင်ပြောချင်တာကချူဝေ့ထုန်ကကျိုရိထင်းကိုအဖြစ်မှန်ရှာပြလိုက်ပြီပေါ့..."
"ဟုတ်ပါတယ်...အခုခေါင်းဆောင်ထန်ရွှီးလည်းမှော်နက်မြို့တော်ကနေထွက်ပြေးနေရတယ်...."

"ကျိုရိထင်း....."

       ဟုန်သခင်မ လက်သီးတင်းတင်းဆုပ်၍ အံတင်းကာဖြင့် ဆိုလိုက်သည်။ သူမက နန်းဆောင်ထဲက သူမကိုယ်ပိုင် သခင်မပုလ္လင်ပေါ်မှာ ထိုင်နေတာဖြစ်ပြီး အောက်ဘက်တွင် ဒူးထောက်ခစားနေသူတစ်ဦး ရှိလေ၏။

       ထိုသူကတော့ မှော်နက်မြို့တော်တွင် သူလျိုလုပ်နေသည့် အဆင့်၃ရှိသည့် မိစ္ဆာတစ်ကောင်ပင်။

"အခုချူဝေ့ထုန်ဘယ်မှာလဲ...."
"မော်ကျွင်းနဲ့အတူရှိနေပါတယ်....မော်ကျွင်းကမထင်ထားဘဲအတော်ကိုအစွမ်းထက်တာ...သခင်မ....ကျွန်တော်တို့ပိုသတိထားရတော့မယ်...နဂါးဓားနဲ့မော့ဓားသာပေါင်းစပ်သွားရင်...."

"ပါးစပ်ပိတ်ထား!!"

       ဟုန်သခင်မ အော်ငေါက်ပစ်တာကြောင့် ထိုမိစ္ဆာလေးလည်း ငြိမ်ကျသွားလေသည်။

"အဲ့လိုမဖြစ်ရဘူး....ထန်ရွှီးဘယ်မှာလဲဆိုတာစုံစမ်းခဲ့...လုံခြုံလား....အန္တရာယ်များလား...အန္တရာယ်များတဲ့နေရာမှာဆိုရင်ငါ့ဆီခေါ်ခဲ့..."
"ဟုတ်ကဲ့...."

       ဟုန်သခင်မမှာ ကျိုရိထင်းအပေါ် အထင်သေးမိတဲ့အတွက် မိမိကိုယ်ကို အားမလိုအားမရ ဖြစ်သွားသည့်အပြင် တစ်ဖက်က ချူဝေ့ထုန်ကို မုန်းတီးစိတ်က ပိုလာခဲ့သည်။ ငွေနဂါးအမြုတေကော ကောင်းကင်မျက်လုံးကော အစွမ်းထက်ရတနာတွေ အကုန်လုံး ဘာလို့သူ့ဆီမှာပဲ စုနေရတာလဲ။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Wo Geschichten leben. Entdecke jetzt