Unicode
မှော်လောကရဲ့ချစ်ပုံပြင်🍁100🍁
"ဘယ်သူလဲ...."
"ခရမ်းကြာနတ်ဘုရား...."ခရမ်းကြာနတ်မင်းဆီက ဖြေသံကြားသောအခါ စစ်သူကြီးသုံ၏လက်ချောင်းများ မသိမသာတုန်သွားခဲ့သည်။ သူ့လက်ထဲက ဓားကိုတော့ သူသည် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဆဲ။
သို့သော် သူကအတတ်နိုင်ဆုံး မျက်နှာထားကို တည်ငြိမ်အောင်ထားပြီး ခရမ်းကြာနတ်မင်းကို ကျော်ကာ ဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။
"ဧကရာဇ်.....သူပြောတာ အမှန်ပဲလား"
"အမှန်ပဲ ""ဒါဆိုအဲ့ကောင် တကယ်ပြန်လာတာပေါ့.... သူကဘယ်လိုမျက်နှာနဲ့ ဒီကိုပြန်လာတာလဲ"
ခရမ်းကြာနတ်မင်းက တစ်ဖန်အော်ပြန်သည်။
"အဲ့တာမင်းကို ပြောရမှာ.... ချင်ဟွားမြို့ကြီးကို ကပ်ဘေးဆိုက်စေခဲ့ပြီး ခရမ်းကြာနတ်ဘုရားကို စွပ်စွဲခဲ့တယ်.... သူ့ကိုသေအောင်လုပ်ခဲ့ပြီးမှ ခင်ဗျားက သရုပ်ဆောင်ကောင်းကောင်းနဲ့ အခုထိ ဟန်ဆောင်နေခဲ့တာလေ...."
"မင်းလွန်လာပြီနော်...."နတ်ဘုရားများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သူတို့က မယုံနိုင်သော မျက်လုံးတို့ဖြင့် ခရမ်းကြာနတ်မင်း နဲ့ စစ်သူကြီးသုံကို ကြည့်နေကြ၏။
ခန်းမဆောင်ကြီးက အတော်ကျယ်သလို နတ်ဘုရားတွေလည်း တဖြည်းဖြည်း ပိုပိုများလာတာကြောင့် စိတ်ဝင်စားစရာ ပွဲတစ်ခု ကြည့်နေရသည့်နှယ် လှုပ်လှုပ်ရွရွ ဖြစ်လာသည်။
ဧကရာဇ်က ဆိုလာသည်။
"စစ်သူကြီးသုံ..... မင်းရဲ့ကောင်းကင်မြို့တော်အပေါ် သစ္စာရှိမှုကို ငါတို့အသိအမှတ်ပြုတယ်....ဒါပေမယ့် လူပေါင်းများစွာရဲ့အသက်ကို သေစေခဲ့တာတော့ ကြီးမားတဲ့အပြစ်ပဲ...."
"ဧကရာဇ်..... ဘာတွေပြောနေတာလဲ နှစ်၃၀၀၀လောက်တုန်းက ကပ်ရောဂါကို ကျွန်တော့်ကြောင့်လို့ ပြောနေတာလား....အဲ့ဒါခရမ်းကြာနတ်ဘုရားရဲ့ ပယောဂကြောင့်ဆိုတာ အားလုံးသိတယ်လေ...."
"မဟုတ်ဘူး....."
KAMU SEDANG MEMBACA
မှော်လောကရဲ့ချစ်ပုံပြင် (Complete)
Fiksi Sejarahလူသားတို့နတ်လောကနဲ့မိစ္ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic ) လူသားတို့နတ်လောကနဲ့မိစ်ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic )