🍁96🍁

1.8K 231 0
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁96🍁

       ဖီးနစ်ဝါနတ်ဘုရားသည် ပျာပျာသလဲဖြင့် အကြီးအကဲသုံးပါးကို ဂါဝရပြု နှုတ်ဆက်လေ၏။

"ကောင်းကင်ဧကရာဇ်.... လနတ်ဘုရား ရေနတ်ဘုရား "

       လနတ်ဘုရားသည် ဖီးနစ်ဝါနတ်ဘုရားအား စားပွဲပေါ်ကမြှားတံကို ညွှန်ပြလိုက်ပါသည်။ သဘောက သေသေချာချာကြည့်ပြီး သူတို့ကိုဖြေရှင်းချက်ပေးရန်ပင်။ သဘောပေါက်လွယ်သူ ဖီးနစ်ဝါနတ်ဘုရားကလည်း မြှားကိုတစ်ချက်ကြည့်၍

"ဘာဖြစ်လို့လဲ "
"မြှားပေါ်က မီးငွေ့ကမင်းဟာ မဟုတ်လား"

"ဟုတ်တယ်လေ... ဘာဖြစ်လို့လဲ "

       ယခုအချိန်ထိ သူသည် ဘာမှသဘောပေါက်သေးသည့်နှယ် ဟိုကြည့်သည်ကြည့်ဖြင့် လုပ်နေဆဲ။ အကြီးအကဲသုံးပါး၏ မျက်နှာထားတွေက တည်ငြိမ်နေတာကြောင့် သူလည်း စပ်ဖြဲဖြဲ မလုပ်ရဲတော့ချေ။

"အဟမ်း....."

       ချောင်းအသားဟမ့်၍ ထိုင်ခုံအလွတ်တွင် နေရာယူ၏။ မြှားတံကို သေချာစိုက်ကြည့်ကာ သူကဆိုသည်။

"သခင်မရှိတော့တဲ့ မှော်လက်နက်ပဲ"
"ဟုတ်တယ်.... မင်းရဲ့စွမ်းအင်တွေ ဘယ်လိုလုပ် အဲ့ဒီလက်နက်ပေါ်မှာ ရှိနေတာလဲ... "

"ကျွန်တော်က ဘယ်လိုလုပ်သိမှာလဲဗျာ.... တစ်ချို့နတ်ဘုရားတွေ မှော်လက်နက်သွန်းလုပ်ဖို့ဆို ကျွန်တော့်ဆီက မီးဓာတ်လာလာငှားကြတာပဲလေ...."
"လွန်ခဲ့တဲ့နှစ် ၃၀၀၀က မင်းဆီဘယ်သူလာငှားလဲ...."

"အာ..... နှစ်၃၀၀၀..... လနတ်ဘုရား ကျွန်တော့်ကို ရိုးရိုးတန်းတန်း စာပို့ခေါ်လို့ ရရဲ့သားနဲ့ ရုတ်တရက်ကြီး ဆင့်ခေါ်လို့အပင်ပေါ်က ပြုတ်ကျသလို ခံလိုက်ရပြီးပြီ....ဖင်တောင်နာတယ် အခုလည်းထူးထူးဆန်းဆန်းတွေ မေးနေပြန်ပြီ...."
"ပြောမှာဖြစ် ပြောစမ်းပါ!"

"ပြောပါမယ်ဗျာ.... ပြောပါမယ် ဘာမှန်းမသိဘူး အသက်ကြီးသလောက် ဒေါသကလည်းကြီးလိုက်တာ...."

        ဖီးနစ်ဝါနတ်ဘုရား ဖုန့်ဟွမ်သည် မြှားတံကိုလက်ဝါးထဲ ဆုပ်ကိုင်ရင်း ခဏငြိမ်သွားသည်။ နောက်မှ

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Donde viven las historias. Descúbrelo ahora