🍁80🍁

2K 243 10
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁80🍁

"ရှောင်ကော..... ကျွန်တော်အိမ်တော်ကို ခဏပြန်မယ် ကျွန်တော့်ကိုဒီမှာ စောင့်နေနော်....ဘယ်ကိုမှ မသွားရဘူး"
"အင်း....."

       ခရမ်းကြာနတ်မင်းဆီက အင်းဟူသော အသံကြားပြီးတာနဲ့ ဟုန်မင် အိမ်တော်သို့ ချက်ချင်းဆင်းလာခဲ့၏။

       ဟုန်အိမ်တော်က သခင်ကြီးနဲ့ သခင်မလည်း ဟုန်မင်အတွက် ခရမ်းကြာနတ်မင်းက သင့်တော်၏လော၊ မသင့်တော်လော စဥ်းစားရင်း ညသန်းခေါင်အထိ သူတို့မှာမအိပ်နိုင်ချေ။ ထိုစဥ် ဟုန်မင်က သူတို့အခန်းထဲ ဝင်လာတာကို တွေ့လိုက်ရသည်။

"သား....."
"အဖေ.... ဘယ်လိုဖြစ်တာလဲ "

"သားရယ်သူက....."
"သူကျွန်တော့်ကိုချစ်တယ်.... ကျွန်တော်ကလည်းသူ့ကိုချစ်တယ် ဒီလောက်ဆိုရပြီလေ....ဘာတွေလိုအပ်အုံးမှာလဲ"

      ဟုန်သခင်မက ဘာမှဝင်မဆိုဘဲ မျက်နှာအောက်ငုံ့လျက်သာ။

"သားရယ်.... ကျစ် သူကမိန်းကလေးတိုင်းနဲ့ ဗွေရှုပ်ခဲ့သူလေ သူကသားဂုဏ်ပုဒ်ကို စွန်းထင်းစေမှာပေါ့"
"ဂုဏ်ပုဒ်?"

       ဖခင်ဆီက ထိုစကားကိုကြားလိုက်တဲ့အခိုက်မှာတော့ ဟုန်မင့်မျက်နှာမှာ ပုံမှန်ထက် ခက်ထန်သွားလေပြီ။

"ဂုဏ်ပုဒ်ဟုတ်လား.... ဘာဂုဏ်ပုဒ်လဲ အမေခန္ဓာအလုခံရတာကို ပထမဆုံး သတိပေးခဲ့တာသူပဲ....အမေ့ကိုကယ်ဖို့ သူပဲအများဆုံး ကူညီခဲ့တာ... အမေ့ကိုကယ်ဖို့ မှော်လွင်ပြင်ဒေသမှာ ဒုက္ခလိုက်ခံခဲ့တာ.... အဖေက သူ့ကိုအဲ့လိုပဲ ဆက်ဆံတော့မယ်ပေါ့...."

       ဟုန်မင်ပြောသည့် အကြောင်းတွေကို ပြန်တွေးမိတဲ့အခါမှာတော့ ဟုန်သခင်ကြီးလည်း ငြိမ်ကျသွား၏။

       ဟုန်မင်က ဖခင်ရှေ့တိုး၍

"အဖေ..... ကျွန်တော်က အရွယ်ရောက်နေတဲ့သူ ကောင်းကင်မြို့တော်ကိုလည်း တက်ရောက်နိုင်ခဲ့ပြီးပြီ....အဲ့တော့ ကျွန်တော့်လက်တွဲဖော်ကို ကျွန်တော်ကိုယ်တိုင် ရွေးချယ်မယ်... ဘာပဲဖြစ်ဖြစ် အဖေခွင့်ပြုပေးပါ...."

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Où les histoires vivent. Découvrez maintenant