Unicode
မှော်လောကရဲ့ချစ်ပုံပြင်🍁110🍁(Final)
ရှန်ကုသည် ခရမ်းကြာနတ်မင်းဘေးက ဟုန်မင့်ထံသို့ တအံ့တသြကြည့်မိတော့ ဟုန်မင်ကခေါင်းတစ်ချက် ပြန်ညိတ်ပြ၏။ ခရမ်းကြာနတ်မင်းသည် ရှန်ကုယူလားပေးသော သရေစာမုန့်ကို ယူစားရင်း မျက်နှာကိုရှုံ့မဲ့ထားသည်။
"ဟွန့်....ရှန်ကု.... မင်းမုန့်က အရသာလည်းမရှိပါလားကွ...."
"ဒီလောက်ချိုနေတာကို...."ထိုအခါ ဟုန်မင်က ဝင်ဆိုရလေ၏။
"ရေနတ်ဘုရား.... ကလေးတစ်လပြည့်ပြီးနောက်ပိုင်းမှာ ရှောင်ကောက အချိုတွေမစားနိုင်တော့ဘူး.... အဲ့ဒီအစား သူကရေခဲပန်းပဲ စားချင်နေတာ.... ကလေးက ရေခဲတောင်တန်းက လာတာများလား"
"အင်း...."ခရမ်းကြာနတ်မင်းမှာ မျက်လုံးပြူးမျက်စံပြူးဖြင့် ရေနတ်ဘုရားဘက်ကို လှည့်သည်။ ရေခဲတောင်တန်းနဲ့ အဆက်အသွယ် ဖြတ်ခဲ့ခါမှ ရေခဲတောင်တန်းက ဝိညာဥ်ကဘယ်ကြောင့် သူ့ဗိုက်ထဲဝင်စားရတာလဲ။
ရေနတ်ဘုရားက အစိမ်းနုနုရေကျောက်တုံး တစ်တုံးကို ပေးလိုက်၏။
"မင်းတို့ရဲ့ကလေးအတွက် လက်ဆောင်လို့ သဘောထားလိုက်ပါ...."
"ကျေးဇူးပါ ရေနတ်ဘုရား...""ကျေးဇူးနော်.... အစ်ကိုရေနတ်... "
"အင်း....""ဒါနဲ့.... နှစ်ယောက်သား ကလေးမယူကြဘူးလား"
ရေနတ်ဘုရားက ပြုံး၍ ခေါင်းခါပြတော့ ရှန်ကုကလည်း မုန့်စားရင်း ခေါင်းတွေခါနေတာ တွေ့ရတော့ ခရမ်းကြာနတ်မင်းလည်း ပြုံးစိစိသာ လုပ်လိုက်သည်။ ရှန်ကုသည် ခရမ်းကြာနတ်မင်း၏ ဗိုက်ကိုလက်ညှိုးထိုးရင်း
"အဲ့ဒါ.... မိန်းကလေး...."
"ဟွန်း..... မင်းကဘယ်လိုသိလဲ""သိတယ်လေ.... အစ်ကိုဝင်လာကတည်းက ခြေလှမ်းတွေက နူးညံ့သလိုလိုနဲ့ ခုန်ပေါက်နေတဲ့ဟာကို..."
"အဟား.... မဖြစ်နိုင်တာ...."ခဏအကြာ စကားများပြောကြပြီးနောက် ဟုန်မင်တို့သည် ရေနတ်ဘုရားနဲ့ ရှန်ကုတို့အား နှုတ်ဆက်ပြီး သူတို့၏နန်းဆောင်သို့ ပြန်လာခဲ့၏။
![](https://img.wattpad.com/cover/241278448-288-k318067.jpg)
KAMU SEDANG MEMBACA
မှော်လောကရဲ့ချစ်ပုံပြင် (Complete)
Fiksi Sejarahလူသားတို့နတ်လောကနဲ့မိစ္ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic ) လူသားတို့နတ်လောကနဲ့မိစ်ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic )