🍁40🍁

2.6K 324 3
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁40🍁

"ဟူး...... သူတို့ပြန်ပေါ်လာရင် အထိကရုန်းတွေ ဖြစ်အုံးမလား မသိဘူး "
"မင်းဘာလုပ်အုံးမလို့လဲ "

"စိတ်ချပါ..... မော်ကျွင်းစိတ်ပူရမည့် အလုပ်မျိုး ကျွန်တော်မလုပ်ပါဘူး.... ဒါပေမယ့် သူတို့ပြန်ပေါ်လာရင် တစ်ခုခုကတော့ အကြီးအကျယ် ဖြစ်အုံးမှာပဲ"
"ဖြစ်လာလည်း သတ်ပစ်လိုက်ရုံပေါ့ "

"သခင် နောက်အပတ် မီးပုံးပွဲတော်နေ့ "

      ရုတ်တရက် စန်းပေါင်က ထပြောလာသည်။

"ဟုတ်လား..... အယား ငါမေ့နေတာပဲ "

       ချူဝေ့ထုန်က သူ့နဖူးသူ အသာရိုက်လိုက်၏။ သူက ကျိုရိထင်းဘက် လက်လှမ်းလိုက်တော့ တစ်ဖက်လူက သူ့လက်ကို ဖမ်းဆွဲလာသည်။

"ကျွန်တော်တို့ သစ်လွင်ခြင်းမြို့ မြောက်ဘက်ကို သွားလည်ရအောင်လား "
"သစ်စေ့လေး သွားချင်တာလား "

"အင်း "
"ကောင်းပြီ သစ်စေ့လေးသွားချင်ရင် ကိုယ်လိုက်ခဲ့ပေးမယ် "

'ရွှင်း.....'

       သံစဥ်တစ်ခုနဲ့အတူ သူတို့ရှေ့တွင် စာကြောင်းလေးတစ်ကြောင်း ပေါ်လာသည်။

"ဘာတဲ့လဲ "

      မမြင်ရသူ ချူဝေ့ထုန်က မေး၏။ စန်းပေါင်က ဝမ်းသာအားရဖြင့် ထခုန်သည်။

"ကောင်းကင်ဧကရာဇ်က စစ်ပြေငြိမ်းစာချုပ် ချုပ်ဆိုမယ်တဲ့ "
"တကယ်လား...."

      ဝမ်းသာစွာဖြင့် ထခုန်နေတဲ့ ကလေးပေါက်စ နှစ်ယောက်ကို ကျိုရိထင်း ပြုံး၍သာပင် ကြည့်နေနိုင်တော့သည်။ သူလည်း ကောင်းကင်မြို့တော်ကို အမှန်တကယ် အထင်လွဲခဲ့ပါသည်။ ဒီရက်တွေထဲ လူသားတွေကြောင့်ဟူသည့် စကားလုံးက သူ့လက်သုံးစကားလို ဖြစ်နေ၏။

       ဒါကို ချူဝေ့ထုန်က လူသားတွေမှာ အပြစ်မရှိကြောင်း၊ လူသားတွေဟာ ထင်သလောက် မဆိုးကြောင်း ဖြောင့်ဖြပြောဆိုရာမှ ကျိုရိထင်း ဒေါသတို့ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ကောင်းကင်ဧကရာဇ် ဖိတ်ခေါ်တာမို့ စန်းပေါင်မှာ ကောင်းကင်ဧကရာဇ်ကို မြင်ဖူးချင်လို့ ဂနာမငြိမ် ဖြစ်နေ၏။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ