🍁99🍁

1.8K 242 7
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁99🍁

       လနတ်ဘုရားက ဆက်ပြောသည်။

"မြို့ကြီးကို ပျက်စီးစေခဲ့တဲ့ သူတွေကိုဖမ်းမိခဲ့ရင်တောင် နှစ်ဦးနှစ်ဖက် ထိခိုက်မှုမရှိအောင် တစ်စုံတစ်ယောက်ရဲ့ အကူအညီလိုတယ်....အဲ့ဒါက ခရမ်းကြာနတ်ဘုရားရဲ့ရင်သွေးပဲ...."

       အားလုံးသည် လနတ်ဘုရားကို အံ့သြစွာဖြင့် ကြည့်နေကြ၏။ သူမျက်နှာဖုံးတပ်ထားလို့သာ သူ့မျက်နှာအနေအထားကို မည်သူမှမရိပ်မိတာဖြစ်သည်။ တကယ်တော့ သူဟာ လူငယ်နတ်ဘုရားတွေထဲက တစ်ယောက်ကို ကြည့်နေတာဖြစ်ပေသည်။

       ခရမ်းကြာနတ်မင်းက ထမေးလိုက်သည်။

"နှစ်ပေါင်း၃၀၀၀ကြာသွားပြီလေ သူ့ကလေးကို ကျွန်တော်တို့က ဘယ်လိုသွားရှာရမှာလဲ"
"ရှာဖို့က မခက်ပါဘူး.... သူ့ကိုငါကိုယ်တိုင်ကယ်ပြီး ဝိညာဥ်သစ်ပင်မှာ ထားခဲ့တာ သူကအခု လူစားပြီးလို့ ကောင်းကင်မြို့တော်ကိုတောင် ရောက်နေပြီ...."

"ဟင်...."
"ဘယ်သူလဲ...."

       ရေနတ်ဘုရားက အေးအေးလူလူ ယပ်ခတ်လျက် ထိုင်နေမြဲ။ သူနဲ့ ကျိုရိထင်းသည် ယခုလက်ရှိ အေးအေးဆေးဆေး နေနိုင်ဆဲ နှစ်ယောက်ပင်။

       လနတ်ဘုရားက တစ်စုံတစ်ယောက်ကို ကြည့်ရင်းဆိုသည်။

"သူအခုငါတို့ရှေ့မှာပဲရှိနေတာ...."

"....."

"....."

"သူ့ပုခုံးနောက်မှာ ကြာဖူးအမှတ်အသားပါတယ်...."

       ထိုအချိန် ထိုတစ်စုံတစ်ယောက်၏ လက်ချောင်းများက အနည်းငယ် လှုပ်ရှားသွားလေသည်။ ချူဝေ့ထုန်ကတော့ ငွေနဂါးအမြုတေကနေ မွေးလာတာမို့ လုံးဝမဖြစ်နိုင်ချေ။

       ချူဝေ့ထုန်သည် ရှန်ကုကို တစ်ချက်ကြည့်သည်။ မျက်လုံးဖြင့် စကားပြောနေကြပုံက။

["မင်းလား...."]
["မဟုတ်ဘူး....မင်းရဲ့မော်ကျွင်းကော "]

["သူ့မှာမရှိဘူး...."]

       'မင်းကဘယ်လိုသိလဲ' ဟူသည့် အဓိပ္ပာယ်ဖြင့် ရှန်ကုက မျက်စောင်းထိုးတော့ ချူဝေ့ထုန်က ပြုံးစိစိလုပ်ကာ အသာခေါင်းခါပြလေ၏။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Tahanan ng mga kuwento. Tumuklas ngayon