🍁70🍁

2K 260 9
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁70🍁

       စန်းပေါင်သည် အမိန့်အရ အိမ်ကိုစောင့်ကြပ်ရန် ကျန်ခဲ့သည်။ ချူဝေ့ထုန်သည် အိမ်ထဲမှ ဖျတ်ခနဲ ပျောက်သွားကာ ကျိုရိထင်း ရှိနေနိုင်လောက်သည့် မှော်ရေကန်အောက်က နန်းဆောင်တွင် ပေါ်လာ၏။

       ကျိုရိထင်းကို ညစာပို့ပေးပြီး ပြန်လာသော ရေသူမလေးသည် ချူဝေ့ထုန်ကိုမြင်သည့်အခါ မျက်လုံးပြူးလေးဖြင့် ဝမ်းသာအားရ အော်မည်အပြင် ချူဝေ့ထုန်က တိုးတိုးနေရန် အချက်ပြလိုက်သည်။

"သခင်လေး.... ဘယ်လိုလုပ်ရောက်လာတာလဲ "
"မော်ကျွင်း အထဲမှာလား"

"ဟုတ်ကဲ့ သခင်လေး....  မနေ့ကတည်းက ထမင်းမစားဘူး သူကစွမ်းအင်ကြီးသူပေမယ့် ထမင်းမစားတော့ ကျန်းမာရေးထိခိုက်လာနိုင်တယ်"
"မင်းက အတော်ဂရုစိုက်တတ်တာပဲ... "

       ရေသူမလေးသည် သူ့လက်က ပုလုံးသေးသေးလေးဖြင့် သီထားသည့် လက်ကောက်ကလေး လှုပ်ခါသွားသည်အထိ လက်တွေကို ခါရမ်းလျက်။

"မဟုတ်ဘူး မဟုတ်ဘူး သခင်လေးအထင်မလွဲပါနဲ့.... မော်ကျွင်းက ကျွန်မတို့ရဲ့အသက်သခင်ဖြစ်သလို ကျေးဇူးတွေလည်း ရှိခဲ့ပါတယ် အဲ့ဒါကြောင့် ကျွန်မက...."

        ချူဝေ့ထုန်က ပြုံး၍ သူမပုခုံးကို တစ်ချက်ပုတ်လိုက်သည်။

"အတွေးမလွဲပါနဲ့.... ငါမင်းကိုယုံတယ် ဒါနဲ့ ပိုင်ချောင်ရှား ဒီကိုလာလား"
"မလာပါဘူး...သခင်လေး သူကကြောင်မိစ္ဆာလေ ဒီရေအောက်က ဖိအားကို သူမခံနိုင်ဘူး...."

"ကြောင်မိစ္ဆာ?.... မင်းကဘယ်လိုလုပ်သိလဲ"
"အစ်မဟွားဆီက ကြားခဲ့တာ...."

       သူမက လက်ဝါးကိုနှုတ်ခမ်းနား အပ်လျက် တိုးတိုးလေး ပြောပြလာသည်။

"အာ...... နောက်လည်း မော်ကျွင်းထမင်းအချိန်မှန် မစားရင် ငါ့ကိုအကြောင်းကြားနော်....."
"ဟုတ် ဟုတ်.... "

       ချူဝေ့ထုန်သည် အပြစ်ကင်းတဲ့ ကလေးမလေးလို ထိုရေသူမလေးအား တစ်ချက်ပြုံးပြလိုက်ပြီးမှ နန်းဆောင်ထဲ ဝင်လာခဲ့သည်။ သူအထဲရောက်သော် စားပွဲပေါ်က ညစာကိုတစ်စက်ကလေးတောင် မထိတဲ့ ကျိုရိထင်းကို တွေ့လိုက်ရသည်။

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Opowieści tętniące życiem. Odkryj je teraz