🍁69🍁

1.7K 245 2
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁 69🍁

       အခန်းက အတော်လေးကျယ်သည်။ အိပ်ခန်းနဲ့ ဧည့်တွေ့ခန်းဆို ခြေလှမ်းသုံးဆယ်မက သွားရ၏။ ဟုန်မင်သည် တည်တည်ငြိမ်​ငြိမ်ပင် စားပွဲတွင်ထိုင်ကာ အရှေ့ပိုင်းနယ်မြေတွင် လိုအပ်နေသည့် အရာများအား စာလွှာဖြင့် တင်ပြထားတာကို ယူဖတ်နေလိုက်သည်။

       အရှေ့ပိုင်းနယ်မြေက လူများသည် မိစ္ဆာဆိုးဝင်ရောက်လျှင် သို့မဟုတ် မြို့ထဲမှာ တစ်ခုခုလိုအပ်နေလျှင် သူတို့၏နယ်မြေ နတ်ဘုရားကို စာလွှာတင်ကာ တောင်းဆိုကြ၏။ မြို့ထဲတွင် ထိုနတ်ဘုရားအတွက် သီးသန့်ဆုတောင်းခန်းတစ်ခုရှိသည်။

       လူအများက သူတို့၏လိုအပ်ချက်ကို ရေး၍ ထိုနန်းဆောင်ငယ်လေးထဲ တင်ထားကြသည်။ နှစ်ပတ်တစ်ခါ နတ်စစ်သည်တစ်ဦးက စာလွှာများကို သွားယူပေးရ၏။

        ဟုန်မင် ထိုင်လိုက်သည်နှင့် စာလွှာက အပုံလိုက်ရောက်နေပြီ။ စာအုပ်ပုံကိုကြည့်၍ သူခေါင်းတောင် ကိုက်ချင်သွားသည်။

"မင်မင်.... မင်မင်..... "

       အိပ်ခန်းဘက်ဆီမှ အမြန်ပြန်ပြေးလာသူလေး။

"မင်မင်.... မင်းအိပ်ခန်းထဲမှာ ဘယ်လိုလုပ် ခေါင်းအုံးက နှစ်လုံးဖြစ်နေတာလဲ"
"တစ်လုံးက ရှောင်ကောအတွက်လေ"

        ထိတ်လန့်နေတဲ့ ခရမ်းကြာနတ်မင်းရဲ့ မျက်နှာလေးသည် တဖြည်းဖြည်း အနီရောင်သမ်းလာပြီး မျက်တောင်လေးများ နှစ်ချက်သုံးချက်လောက် ဆက်တိုက်ခတ်သွားသည်။

       အပျော်ကြီးပျော်ကာ ရယ်ချင်နေစိတ်များကိုလည်း မနည်းပင် ထိန်းနေရလေ၏။ အိပ်ခန်းဘက်ကို ထိုးထားတဲ့ လက်ညှိုးလေးသည် နေရာပြောင်း၍ နားထင်အား အသာကုတ်သည်။

"အော် ငါ့အတွက်လား....အဟဲ...."

       ဟုန်မင်သည် အသာလေးပြုံးကာ အပေါ်ဆုံးက စာလွှာတစ်ခုကို ယူဖတ်လိုက်၏။

"ဒါ ဒါ ဒါတွေက မင်းစီမံရမယ့် ဟာတွေလား...."
"အင်း....."

"အဲ့လောက်တောင် များရလား.... "

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Opowieści tętniące życiem. Odkryj je teraz