🍁78🍁

1.9K 248 3
                                    

Unicode
မှော်လောကရဲ့ချစ်ပုံပြင်

                          🍁78🍁

        မှော်ရေကန်နား ပြန်ရောက်တော့ ချူဝေ့ထုန်သည် မေပယ်ပင်အောက်တွင် အသင့်ပြင်ထားသော ထမင်းပွဲတွင် ထိုင်စားနေ၏။ စားပြီးတဲ့နောက် သေရည်တစ်အိုးကိုင်လျက် တစ်ကျိတ်ပြီးတစ်ကျိတ် မော့သောက်ရင်း အပြာရောင်ပန်းတို့ကြားတွင် လျှောက်သွားသည်။

        သူဘယ်လောက်ဝေးဝေး လျှောက်သွားပါစေ ကျိုရိထင်း၏ ဝိညာဥ်သစ်ပင်နားကိုတော့ ရောက်အောင်ပြန်လာတတ်သည်။ ညအိပ်လျှင်လည်း ထိုအပင်အောက်တွင်သာ အိပ်တတ်လို့ စန်းပေါင်လည်း ထိုနားတွင်သာ အိပ်ရ၏။

       ယူလာသည့် စောင်ပါလေးကို သေရည်အိုးသုံးလေး ဝန်းရံထားသော ချူဝေ့ထုန်ပေါ် လွှမ်းပေးလိုက်၏။ ချူဝေ့ထုန် အိပ်မပျော်သေးပေ။ အရက်သောက်ပြီးလို့ မျက်လုံးတွေ မှေးစင်းလာသည့်တိုင်အောင် သူမအိပ်နိုင်သေးချေ။

        လက်ကျန်အရက်လေးကို ထပ်မော့လိုက်ရင်း

"စန်းပေါင်...."

        စန်းပေါင်က သူ့ဘေးတွင် ကပ်ထိုင်သည်။ ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးအသွင်နှင့် စန်းပေါင်သည် ဒီအတောအတွင်း သူ့ကိုအဖော်ပြုပေးနိုင်ဆုံး ဖြစ်၏။

"ငါသူ့ကိုလွမ်းတယ်...."

       ကျိုရိထင်းအကြောင်း တွေးမိတိုင်း သူမျက်ရည်ကျသည်။

"သူရှိနေတုန်းက ငါသူ့ကိုဂရုမစိုက်ပေးမိတာ အရမ်းနောင်တရတယ်.... မင်းသိလား သူကငါ့အနားရောက်လာတိုင်း နူးညံ့တဲ့ စကားတွေကိုပဲ တဖွဖွနဲ့ ပြောတတ်တယ် ငါကသာ... ငါကသာ မပြောခဲ့တာ..."

        နောက်အရက်တစ်လုံး ထပ်ဖန်ဆင်း၍ စကားဆက်၏။

"သူက.... "

        စန်းပေါင်ကို လက်ဝါးထောင်ပြလိုက်ပြီး

"ငါ့ရဲ့ဒီလက်တွေကို သဘောကျတယ်တဲ့.... ဒါပေမယ့် ငါကတော့သူ့ကို ပြန်မ​ပြောခဲ့ဘူး....သူက ငါနဲ့တွေ့တိုင်း သူချစ်တဲ့အကြောင်း ပြောတယ် ငါကတော့ သူ့ကိုချစ်တဲ့အကြောင်း ငါးခွန်းတောင် ပြည့်အောင်မပြောဖူးဘူး.... "

မှော်လောကရဲ့ချစ်ပုံပြင် (Complete)Hikayelerin yaşadığı yer. Şimdi keşfedin