Unicode
မှော်လောကရဲ့ချစ်ပုံပြင်🍁65🍁
ချူဝေ့ထုန် နောက်တစ်ကြိမ် စမ်းသပ်ကြည့်သောအခါတွင် ကျောက်တုံးထက်တွင် စာတစ်ကြောင်းပေါ်လာ၏။
{"သူက မင်းရဲ့ဖူးစာ မဟုတ်ဘူး...."}
ချူဝေ့ထုန်သာမက ဘေးက နတ်သမီးလေးပါ မျက်လုံးပြူးသွားသည်။ တစ်ခုခုကတော့ ထူးဆန်းနေတယ်လို့ သူမခံစားမိ၏။ သို့သော် ချူဝေ့ထုန်ကတော့ ထိုစာကြောင်းကို ကြည့်မိလေ ဒေါသထွက်လေဖြစ်သည်။
နတ်သမီးထို့ထို့က သက်ပျင်းချကာ
"ချူသခင်လေး..... စိတ်ဓာတ်မကျပါနဲ့.... တစ်ခါတလေ...."
သူမလှည့်ကြည့်လိုက်တော့ ချူဝေ့ထုန်က စိတ်ဓာတ်ကျနေသည့် ပုံစံမျိုး လုံးဝမဟုတ်ဘဲ ထိုစာကြောင်းကို ကြည့်နေသည့် မျက်လုံးတို့က ဒေါသဟုန်းဟုန်းတောက်နေသည်။ သူသည် နဂါးဓားကို ချက်ချင်းဆင့်ခေါ်လိုက်ကာ နှုတ်ကလည်း ပြောလိုက်၏။
"ဒီကျောက်တုံးက ငါ့ကိုလိမ်ရဲတယ်ပေါ့...."
ချူဝေ့ထုန် ဓားမြှောက်လိုက်စဥ် ထို့ထို့က အမြန်ပြေးဆွဲရင်း
"သခင်လေး မလုပ်ပါနဲ့ ဒါကျွန်မတို့ရဲ့ ရတနာပါ....ဒေါသလျှော့ပါ...."
ချူဝေ့ထုန်သည် ထိုကျောက်တုံးကိုသာ ဒေါသတကြီး ကြည့်နေကာ သူမပြောသည့်စကားများကို နားမဝင်ချေ။
"ဓားချလိုက်ပါနော် ဒါတစ်ခုခုမှားနေတာ..... ဖူးစာကျောက်တုံးက ဘယ်တော့မှစာနဲ့မပြဘူး... တစ်ခုခုမှားနေတာ...."
သူမက မြန်မြန်သွတ်သွတ် ပြောပြမှ ချူဝေ့ထုန်ဓားကို ပြန်ဖျောက်လိုက်သည်။ နတ်သမီးလေးသည် လက်ဝါးဖြင့် ဖူးစာကျောက်တုံးကို တစ်ချက်ရိုက်လိုက်ပြီး
"သခင်လေး ပြန်စမ်းကြည့်ပါ...."
"ငါ...."သခင်လေး...."
ချူဝေ့ထုန် စိတ်လျှော့ကာ နောက်တစ်ကြိမ် လက်ဝါးဖြင့်ထိတွေ့သောအခါတွင် ဖူးစာကျောက်တုံးသည် အနီရောင်လင်းလတ်လာလေ၏။
ထိုအခါမှ သူကော နတ်သမီးလေးပါ ပြုံးရွှင်သွားတော့သည်။
![](https://img.wattpad.com/cover/241278448-288-k318067.jpg)
KAMU SEDANG MEMBACA
မှော်လောကရဲ့ချစ်ပုံပြင် (Complete)
Fiksi Sejarahလူသားတို့နတ်လောကနဲ့မိစ္ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic ) လူသားတို့နတ်လောကနဲ့မိစ်ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic )