Unicode
မှော်လောကရဲ့ချစ်ပုံပြင်🍁41🍁
ကောင်းကင်မြို့တော် ပြန်ရောက်တော့ ဧကရာဇ်သည် ကိုယ်ကိုတစ်ပတ်လှည့်ကာ အပြာနုရောင် ဝတ်ရုံအဖြစ် ပြောင်းလဲလိုက်သည်။ သူ့ခန္ဓာကိုယ်ဟာလည်း သန့်စင်ပြီးသား ဖြစ်သွား၏။
ညင်သာသောခြေလှမ်းတို့ဖြင့် အိပ်ဆောင်ရှိ ပုလ္လင်ဆီကို လျှောက်လှမ်းနေသည်။ စိတ်စွမ်းအင်က ကောင်းကင်မြို့တော် နယ်မြေဝန်းထဲမှာ စစ်သူကြီးလုံနဲ့ မိစ္ဆာဆိုးတွေရှိမရှိ စစ်ဆေးနေ၏။
သူနဲ့ တိုက်ခိုက်ပြီးကတည်းက စစ်သူကြီးလုံသည် ဒဏ်ရာ အကြီးအကျယ် ရသွားပြီး ထွက်ပြေးသွားတာမို့ ကောင်းကင်မြို့တော်တစ်ခုလုံးပေါ် စစ်သူကြီးလုံကို တွေ့သည့်နေရာ၌ ဖမ်းဆီးပေးရန် အမိန့်ထုတ်ထားလေသည်။ ပုလ္လင်ပေါ် ထိုင်လိုက်သောအချိန် လက်ဖက်ရည်ပူပူနွေးနွေး တစ်ခွက်ကို တွေ့လိုက်ရသည်။
သူ့နှုတ်ခမ်းတွေ ကွေ့တက်သွားသည်။ တစ်စုံတစ်ယောက်ကတော့ သူ့အခန်းထဲ ရောက်နှင့်နေပြီ။
"ရှောင်းဟယ်....."
(ရှောင်းဟယ် = ဟယ်လေး)
"ပြန်ရောက်လာပြီလား... ဘယ်လိုလဲ... အဆင်ပြေခဲ့လား"
"အင်း....""တကယ်ပေါ့... အဟား... ချူဝေ့ထုန်က မော်ကျွင်းကို ချည်နှောင်လိုက်ပြီ ထင်ပါတယ်"
ဧကရာဇ် စားပွဲပေါ်သို့ ကြွေပန်းကန် သေးသေးလေးတွေ ထည့်ထားတဲ့ သစ်သားဗန်းတစ်ခု ရောက်လာသည်။ အားလုံးက ပူပူနွေးနွေး လက်ဖက်ရည်တွေ။ ဧကရာဇ်က လနတ်ဘုရား စပ်ပေးတဲ့ လက်ဖက်ရည်သောက်တတ်တာ ဟိုးယခင်ကတည်းက ဖြစ်သည်။
ဧကရာဇ်သည် လက်ဖက်ရည်ခွက်ကို ချလျက် စားပွဲပေါ်က စာလွှာကို ဖွင့်လိုက်စဥ် မိုးနတ်ဘုရားပို့လွှတ်သော စာလုံးများ လေထုထဲ ပျံတက်သွားသည်။
"ဧကရာဇ်.... ရှန်ကုကို အဆိပ်နဲ့လုပ်ကြံတဲ့သူက သိမ်းငှက်မိစ္ဆာမ အမိန့်နဲ့လုပ်တာပါ သူကရှန်အိမ်တော်နဲ့ ဟုန်အိမ်တော်ကို ရန်တိုက်ပေးပြီး အားလုံး ချူဝေ့ထုန်လုပ်တယ်လို့ အပြစ်တင်အောင် တစ်ပတ်လှည့်အကွက်ဆင်လိုက်တာ...."
YOU ARE READING
မှော်လောကရဲ့ချစ်ပုံပြင် (Complete)
Historical Fictionလူသားတို့နတ်လောကနဲ့မိစ္ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic ) လူသားတို့နတ်လောကနဲ့မိစ်ဆာတို့မှော်လောကအားပြိုင်မှုတွေကြားကစစ်မှန်တဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရှိရမယ့်ficလေးပါ (OC fic )